အငြင်းပွားဖွယ် အစီအစဉ်အား ဘောလုံးအဖွဲ့ချုပ်များ ထောက်ခံလျှင် ဒေါ်လာသန်း ၄၀ ပေးမယ်လို့ ဖီဖာ ကမ်းလှမ်းလာ
=====================
ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုဟာ အဓိကဖလားပြိုင်ပွဲများရဲ့ ရှယ်ယာများကို ရောင်းချလာမယ့် သူ့ရဲ့အငြင်းပွားဖွယ် စီစဉ်အား ထောက်ခံပါက ဒေါ်လာသန်း ၄၀ ရရှိလာမယ်လို့ ဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံ ၂၁၁ နိုင်ငံတို့အား စာရေးသား အသိပေးခဲ့ပါတယ်။
အင်ဖန်တီနိုဟာ ဘောလုံးအဖွဲ့ချုပ်များအနေဖြင့် သူ့အစီအစဉ်အား ထောက်ခံရေး နောက်ဆုံးနေ့အဖြစ် စက်တင်ဘာလ ၁၉ ရက်နေ့အား သတ်မှတ်ထားပါတယ်။
ဖီဖာဟာ ကမ္ဘာဖ့လားပြိုင်ပွဲအပါအဝင် အဓိကပြိုင်ပွဲများအတွက် စီးပွားဖြစ် လက်အောက်ခံကုမ္ပဏီ ဖန်တီးလိုနေပြီး ပြင်ပရင်းနှီးမြှပ်နှံသူများအား ရှယ်ယာများကို ရောင်းချရန် စီစဉ်ထားပါတယ်။
အထက်ပါ သတင်းထွက်ပေါ်လာပြီးနောက် ဖီဖာဟာ ဥရောပ၊ အာရှနှင့် မြောက်အမေရိကန်ဘောလုံးသမိုင်းအဝိုင်းတို့ရဲ့ ဝေဖန်မှုများ ကြုံခဲ့ရပါတယ်။
တဖက်တွင် အင်ဖန်တီနိုရဲ့အစီအစဉ်အပေါ် ဖီဖာဒုဥက္ကဌ ၈ တို့မှ အချို့လည်း အံ့ဩသင့်နေကြပါတယ်။
အင်ဖန်တီနိုက ဖီဖာအဖွဲ့ဝင် နိုင်ငံများအား ပေးပို့တဲ့ စာထဲအား နောက်ဆုံးသတ်မှတ်ရက်တွင် ထောက်ခံအားပေးမှု ပြုလုပ်ပါက ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒေါ်လာသန်း ၂၀ ရရှိမယ်လို့ မက်လုံးပေးထားပါတယ်။
ဖီဖာဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၆၄ သင်းအထိ တိုးမြှင့်ရန် စီစဉ်နေမှုကြောင့် အပြင်းအထန် ဝေဖန်မှုများ ကြုံနေရချိန်တွင် အငြင်းပွားဖွယ် ကမ္ဘာ့ဖလားအပါအဝင် ပြိုင်ပွဲကြီးများရဲ့ ရှယ်ယာများကို ပုဂ္ဂလိက ရင်းနှီးမြှပ်နှံရေးကုမ္ပဏီများထံ ရောင်းချရေး လုပ်ဆောင်နေမှုက ဖီဖာရဲ့အနာဂတ်အပေါ် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ယင်းသို့ လုပ်ဆောင်နေမှုနှင့်အတူ ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ချက်ချင်း အရေးပေါ် အစည်းအဝေး ပြုလုပ်ရန် စီစဉ်နေပါတယ်။