ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်လေ့ကျင့်ရေးစခန်းမှ တမ်ဘား ထွက်ခွာ
===================
ဂျူရီယန်တမ်ဘားဟာ ပေါင်ခြံဒဏ်ရာပြဿနာကြောင့် စပိန်တွင် ရာသီကြိုလေ့ကျင့်ခန်းဆင်းနေတဲ့ စပိန်ရဲ့လေ့ကျင့်ရေးစခန်းမှ နုတ်ထွက်လာရပါတယ်။
နယ်သာလန်လက်ရွေးစင်ကစားသမားဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီသိမ်း ၂ လတာကာလအား လွဲချော်ခဲ့ပေမဲ့ ပီအက်စ်ဂျီအား ရှုံးနိမ့်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပြန်ကစားခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ ပေါင်ခြံဒဏ်ရာပြဿနာကြုံကာ နယ်သာလန်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအား လွဲချော်ခဲ့ပါတယ်။
ယခုအခါ သူဟာ အာဆင်နယ်ရဲ့ စပိန်လေ့ကျင့်ရေးစခန်းမှ ထွက်ခွာပြီး လန်ဒန်သို့ ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ ဒဏ်ရာပြန်လည် ရရှိတဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးရာ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရပါမယ်။
ပြီးလျှင် သူဟာ အာဆင်နယ်ရဲ့ စပိန်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နှင့် ပြန်လည်ပူးပေါင်းလာဖို့ ရှိပါတယ်။
တမ်ဘားဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ရဲ့ နံပါတ် ၁ ဦးစားပေး ညာနောက်ခံလူအဖြစ် ပရီးမီးယားလိဂ်ပွဲ ၃၀ ကစားကာ ပရီးမီးယားလိဂ်ဖလားရရှိအောင် ကူညီခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက အေဂျက်စ်မှ ပေါင် ၃၄ သန်းဖြင့် ပြောင်းလာခဲ့ပေမဲ့ ပထမရာသီတုန်းက ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်အနားယူခဲ့ရပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်ဟာ ဩဂုတ်လ ၁၆ ရက်နေ့တွင် အက်ဖ်အေဖလားချန်ပီယံ မန်စီးတီးနှင့် ကွန်မြူနတီဒိုင်းပွဲစဉ် ကစားရမှာ ဖြစ်ပြီး ဩဂုတ်လ ၂၁ ရက်နေ့တွင် ချန်ပီယံရှစ်ချန်ပီယံ ကိုဗင်ထရီနှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲကစားရပါမယ်။