ဗီနီရှပ်စ်အား အသင်းတွင် ဆက်ထိန်းရန် ရီးရဲလ်မက်ဒရစ် စီစဉ်ထားလာမှုနှင့်အတူ အာဆင်နယ်တို့ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရ
====================

ရီးရဲလ်မက်ဒရစ်နည်းပြဟိုဆေးမော်ရင်ဟိုဟာ လာမယ့် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရနိုင်ခြေရှိပေမဲ့လည်း ဗီနီရှပ်စ်ဂျူနီယာအား ဘာနေဗျူးတွင်ပင် ဆက်ထိန်းထားလိုနေပါတယ်။
ဗီနီရှပ်စ်ဟာ ၂၀၂၇ ခုနှစ် ဇွန်လတွင် ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ကလပ်ဘက်က စာချုပ်သစ်ချုပ်ဆိုရေး ကြိုးပမ်းနေသလို အာဆင်နယ်ကလည်း ခေါ်ယူရေး စိတ်အားထက်သန်နေပါတယ်။
မော်ရင်ဟိုဟာ အသက် ၂၆ နှစ်ရှိ ဗီနီရှပ်စ်ဘက်က စာချုပ်သစ်မချုပ်ဆိုလျှင်လည်း အသင်းတွင် ဆက်ထိန်းထားလိုနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ရက်ဘူးလ်လိုက်ဇစ်မှ တောင်ပံကစားသမားယန်ဒေယိုမန်ဒီအား ခေါ်ယူရန် ကြိုးပမ်းနေပေမဲ့လည်း ဗီနီရှပ်စ်နေရာတွင် အစားထိုးရန် ခေါ်ယူလိုခြင်း မဟုတ်ပါဘူး။
တဖက်တွင် အာဆင်နယ်နည်းပြမီခေးလ်အာတီတာကလည်း ဗီနီရှပ်စ်အား ခေါ်ယူလာနိုင်မည်ဆိုပါက ပရီးမီးယားလိဂ်ဖလားချန်ပီယံဘွဲ့အား ကာကွယ်ရေးသာမက ပထမဆုံးချန်ပီယံလိဂ်ဖလားကိုပါ ရယူနိုင်ရေး အခြေအနေကောင်းလာမယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ်ဟာ ဗီနီရှပ်စ်အား ခေါ်ယူနိုင်မည်ဆိုပါက ကလပ်စံချိန်တင်လုပ်ခ တစ်ပတ်လုပ်ခ ပေါင် ၄၀၀၀၀၀ အထိပေးရန် ပြင်ဆင်ထားပါတယ်။
ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ဆွတ်ခူးထားသူ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီအား ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံ့းနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ထားရပါတယ်

image