ဇတ်ဇီးအား အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် အငှားဖြင့် ခေါ်ယူရန် ဂျူဗင်တပ် ဆွေးနွေးနေ
===================

ဂျူဗင်တပ်ဟာ ရန်ဒယ်ကိုလိုမူအာနီအား ခေါ်ယူရေး ပျက်ပြယ်သွားခဲ့ပြီးနောက် ဂျိုရှာဇတ်ဇီးအား ခေါ်ယူရေး နံပါတ်တစ်ပစ်မှတ်ထားလာပါတယ်။
ဇတ်ဇီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရူဘင်အမိုရမ်နှင့် မိုက်ကယ်ကာရစ်လက်ထက်တို့တွင် ပရီးမီးယားလိဂ်ပွဲ ၅ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရကာ နေရာရရှိရေး ရုန်းကန်လာခဲ့ရသူလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်ဟာ အသက် ၂၅ နှစ်ရှိ ဒတ်ချ်တိုက်စစ်မှူးအား ပေါင်သန်း ၃၀ ဖြင့် အပြီးသတ်ခေါ်ယူမယ့် အချက်ပါ တစ်နှစ်အငှားဖြင့် ခေါ်ယူရန် ဆွေးနွေးနေပါတယ်။
ဂျူဗင်တပ်ဟာ ပီအက်စ်ဂျီမှ ပြင်သစ်လက်ရွေးစင်ကိုလိုမူအာနီအား ခေါ်ယူရေး အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။
ဒါကြောင့်လည်း ဂျူဗင်တပ်ဟာ ဇတ်ဇီးကို ကျောနံပါတ် ၉ နံပါတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်လာတာပါ။
တဖက်တွင် ဂျူဗင်တပ်အပြင် ရိုးမားကလည်း ဇတ်ဇီးကို ခေါ်ယူရေး စိတ်ဝင်စားနေပါသေးတယ်။
ဇတ်ဇီးဟာ ယူနိုက်တက်အတွက် ၇၅ ပွဲကစားထားရာမှာ ၉ ဂိုးတည်းသာ သွင်းယူနိုင်ပြီးနောက် အီတလီဘောလုံးလောကတွင် ပြန်လည်ကျင်လည်ရေး စိတ်အားထက်သန်နေပါတယ်။
ဇတ်ဇီးဟာ ပါးမား၊ ဘိုလော့ဂ်နာတို့တွင် ကျင်လည်ခဲ့သူ ဖြစ်ပြီး သူ့ကစားဟန်က နည်းစနစ်ပိုင်း ပိုအားပြုတဲ့ စီးရီးအေနှင့် ပိုသင့်တော်တယ်လို့လည်း ယုံကြည်နေပါတယ်။

image