ပြည်သူ့မေတ္တာခံယူနေရကာ နေအိမ်တွင် တစ်ပတ်လုံး ပိတ်မိနေပြီးနောက် သွားဆရာဝန်နှင့် တွေ့ခွင့်ပေးရန် ပရိသတ်များကို အာဂျင်တီးနားနည်းပြစကာလိုနီ တောင်းပန်ပြောဆိုလာရ
======================
လီယွန်နယ်စကာလိုနီဟာ နေအိမ်ရှေ့တွင် အာဂျင်တီးနားပရိသတ်များ စုရုံးနေမှုကြောင့် သွားဆရာဝန်နှင့် ချိန်းထားမှုအား တွေ့ဆုံခွင့်ပေးရေး ပရိသတ်များအား တောင်းပန်ပြောဆိုလာရပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ၈ ရက်ကြာတဲ့အထိ အာဂျင်တီးနားပရိသတ်များဟာ ရိုဆာရီယို၊ ပူဂျာတိုရှိ အာဂျင်တီးနားနည်းပြစကာလိုနီရဲ့နေအိမ်ရှေ့တွင် စုရုံးနေကြတုန်း ဖြစ်ပါတယ်။
အွန်လိုင်းတွင် ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ အသက် ၄၈ နှစ်ရှိ စကာလိုနီဟာ ပရိသတ်များ ဝိုင်းရံနေတဲ့ကြားမှ ကားတစ်စီးအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရပါတယ်။
ဝိုင်းရံနေကြတဲ့ အသက်အရွယ်စုံအာဂျင်တီးနားပရိသတ်များဟာ အာဂျင်တီးနားနည်းပြနှင့် ဆုံတွေ့ခွင့် ရရှိရေး ကြိုးပမ်းခဲ့ကြတာလည်း ဖြစ်ပါတယ်။
ယင်းသို့ ထွက်ခွာလာချိန်တွင် စကာလိုနီက "သွားဆရာဝန်နဲ့ ချိန်းထားတာ ရှိတယ်။ မကြာခင် ပြန်လာမယ်"လို့ ပြောကြားသွားပါတယ်။
အာဂျင်တီးနားပရိသတ်များဟာ ကမ္ယာ့ဖလားချန်ပီယံဖြစ်ခဲ့သကဲ့သို့ စကာလိုနီရဲ့နေအိမ်ရှေ့တွင် စုရုံးအားပေးလာကြတာလည်း ဖြစ်ပါတယ်။
အာဂျင်တီးနားမီဒီယာများရဲ့ဖော်ပြမှုအရ ပရိသတ်များဟာ မနက်မှ နေ့လည်ပိုင်းအထိ အမှတ်တရလက်မှတ်၊ Selfie ဓာတ်ပုံရိက်ကူးရေး စုရုံး စောင့်ဆိုင်းလာခဲ့ကြတာလည်း ဖြစ်ပါတယ်။