လီဗာပူးရဲ့ ရှယ်ယာများကို ဝယ်ယူရေး ရင်းနှီးမြှပ်နှံရေးအဖွဲ့တွင် ရင်းနှီးမြှပ်နှံရန် ဂျက်ဖ်ဘီဇော့စ်နှင့်အတူ ဖိတ်ခေါ်ခံလာရတဲ့ Facebook ပူးတွဲတည်ထောင်သူ
====================

ဆိုရှယ်မီဒီယာထိပ်သီး Facebook အား ပူးတွဲတည်ထောင်သူဟာ လီဗာပူးရဲ့ ရှယ်ယာများကို ဝယ်ယူရေး ကြိုးပမ်းနေတဲ့ ရင်းနှီးမြှင်နှံရေးအဖွဲ့တွင် ပါဝင်ရင်းနှီးမြှပ်နှံရန် ဖိတ်ကြားခြင်းခံလာရပါတယ်။
ဗြိတိန်-အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်အာမက်ဘာတီယာဦးဆောင်တဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့ဟာ လီဗာပူးအသင်းတွင် ရင်းနှီးမြှပ်နှံ့ရေး ကြိုးပမ်းနေပါတယ်။
ဘာတီယာဟာ လီဗာပူးရဲ့ ရှယ်ယာများကို ဝယ်ယူရေး ကြိုးပမ်းနေတဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့တွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်တဲ့ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်ကိုလည်း ပါဝင်ရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ်ထားပြီးလည်း ဖြစ်ပါတယ်။
ယခုအခါ ဘာတီယာဟာ Facebook အား ပူးတွဲတည်ထောင်သူ အက်ဝတ်ဒိုဆာဗီရန်ကိုလည်း ရင်းနှီးမြှပ်နံရေးအဖွဲ့တွင် ပါဝင်ရန် ဖိတ်ခေါ်လာပါတယ်။
ဘရာဇီးဖွားစီးပွားရေးလုပ်ငန်းရှင်ဟာ ၂၀၀၄ ခုနှစ်တုန်းက ဟားဗတ်စ်တက္ကသိုလ်ကျောင်းသားမတ်ဇူကာဘတ်နှင့်အတူ Facebook အား စတင်တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ Facebook မှ ထွက်ခွာတာ ကြာမြင့်ပြီဖြစ်ပေမဲ့လည်း B Capital အပါအဝင် အခြားလုပ်ငန်းများစွာတို့ဖြင့် စီးပွားရေးလောကတွင် အောင်မြင်နေသူလည်း ဖြစ်ပါတယ်။
သူဟာ ယခုနှစ်အစောပိုင်းတုန်းက Forbes က ကြေညာလာတဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် အဆင့် ၆၈ နေရာမှာ ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
ဘာတီယာဟာ ပရော်ဖက်ရှင်နယ်အားကစားလောကတွင် အတွေ့အကြုံများစွာ ရှိသူ ဖြစ်ပြီး ၂၀၀၄ ခုနှစ်ကတည်းက ကျူပီအာအသင်းရဲ့ ပူးတွဲပိုင်ရှင်၊ ဥက္ကဌအဖြစ် ဆောင်ရွက်လာသူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ယခုနွေရာသီတွင် ကျူပီအာအသင်းအား ၁၈ ရာသီကြာ ဦးဆောင်ပြီးနောက် ထွက်ခွာလာသူလည်း ဖြစ်ပါတယ်။
သူဟာ Fenway Sports Group (FSG) ထံမှ လီဗာပူးအသင်းရှယ်ယာများကို ဝယ်ယူရေး ကြိုးပမ်းနေပါတယ်။
လက်ရှိအချိန်တွင် ဆာဗီရန်အပါအဝင် အခြားရင်းနှီးမြှပ်နှံသူများက လီဗာပူးရှယ်ယာများကို ဝယ်ယူရေး ကြိုးပမ်းနေတဲ့ ရင်းနှီးမြှပ်နှံမှုတွင် ပါဝင်ရေး ဘယ်လို တုံ့ပြန်ထားသလဲဆိုတာ မသိရသေးပါဘူး။

image