ဘာကိုလာအား ခေါ်ယူရေး ပေါင် ၁၄၅ သန်းအထိ အသုံးပြုလာရတော့မယ့် လီဗာပူးနှင့် အာဆင်နယ်
=====================
လီဗာပူးနှင့် အာဆင်နယ်တို့ဟာ ပီအက်စ်ဂျီဘက်က ပြင်သစ်စတားဘရက်ဒလေဘာကိုလာအား ပြောင်းရွှေ့ကြေး ပေါင် ၁၄၅ သန်းအထိ သတ်မှတ်လာမှုနှင့်အတူ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုရန် လိုအပ်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဗီလာရဲ့ မော်ဂန်ရော်ဂျာအား ခေါ်ယူရေး ကြိုးပမ်းမှုတွင် ချဲလ်ဆီးအား အရှုံးပေးလိုက်ရပြီးနောက် ဘရက်ဒလေအား ခေါ်ယူရေး နံပါတ်တစ်ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
လီဗာပူးမှာလည်း မိုဟာမက်ဆာလက် ထွက်ခွာသွားမှုနှင့်အတူ အစားထိုးရန် စပါစတားကစားသမားတစ်ဦး ပစ်မှတ်ထားနေပြီး ဘာကိုလာမှာ နံပါတ်တစ်ပစ်မှတ်ဖြစ်နေပါတယ်။
ပီအက်စ်ဂျီဟာ ဘာကိုလာအား စာချုပ်သစ်ချုပ်ဆိုရေး ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမဲ့လည်း ပယ်ချလာမှုနှင့်အတူ နှစ်ဖက်လုံးက ယခုနွေရာသီတွင် ရောင်းချရေး တံခါးဖွင့်ပေးထားပါတယ်။
ဒါပေမဲ့ ပီအက်စ်ဂျီဟာ အသက် ၂၃ နှစ်ှရိ ပြင်သစ်တိုက်စစ်သမားအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၄၅ သန်းအထိ သတ်မှတ်လာမှုနှင့်အတူ အာဆင်နယ်နှင့် လီဗာပူးအတနေဖြင့် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးပြုလာရတော့မှာ ဖြစ်ပါတယ်။
တဖက်တွင် အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့တဲ့ ဘရာဇီးစူပါစတားဗီနီရှပ်စ်ဂျူနီယာကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။
ရီးရဲလ်မက်ဒရစ်က ဗီနီရှပ်စ်အား ယူရိုသန်း ၁၆၀ (ပေါင် ၁၃၇ သန်း)ဖြင့် ရောင်းချရန် တံခါးဖွင့်ပေးထားကြောင်းလည်း သိရပါတယ်။