ကမ္ဘာ့ဖလားတွင် လက်စွမ်းပြပြီးနောက် ကလပ်သစ်ရှာဖွေတွေ့ရှိလာပြီဖြစ်တဲ့ ကိတ်ဗာဒီသူရဲကောင်းဗိုဇင်ညာ
=====================
ကိတ်ဗာဒီလက်ရွေးစင်ဂိုးသမားဗိုဇင်ညာဟာ ကမ္ဘာ့ဖလားတွင် လက်စွမ်းပြကစားပြီးနောက် ကလပ်သစ်သို့ ပြောင်းရွှေ့လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဝါရင့်ဂိုးသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လက်စွမ်းပြကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးအသင်းတွင် ရွေးချယ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ ဗိုဇင်ညာဟာ ပေါ်တူဂီဒုတိယတန်းကလပ် ချာဗက်စ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကလပ်လက်မဲ့ ဖြစ်နေခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ အနောက်အာဖရိကအသင်းငယ်လေးကို ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်သို့အထိ တက်ရောက်အောင် ကူညီနိုင်ခဲ့ပါတယ်။
သူဟာ ကမ္ဘာ့ဖလားချန်ပီယံ စပိန်နှင့်ပွဲတွင် အထူးလက်စွမ်းပြခဲ့ပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။
ဗိုဇင်ညာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်စွမ်းပြနိုင်ခဲ့ပြီးနောက် ကလပ်သစ်သို့ ရှာဖွေနေိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သူဟာ ချီလီထိပ်သီးကလပ် ကိုလိုကိုလိုသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့တာလည်း ဖြစ်ပါတယ်။
ဗိုဇင်ညာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း လက်စွမ်းပြကစားနိုင်ပြီးနောက် နေ့ချင်းညချင်း ကမ္ဘာကျော်ခဲ့သူ ဖြစ်ပြီး အင်စတာဂရမ်တွင် ဖော်လိုဝါ ၂၉.၄ သန်းအထိ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။
သူဟာ ၂၀၂၆ ကမ္ဘာ့ဖလား ၄ ပွဲကစားခဲ့ရာတွင် တစ်ပွဲပျမ်းမျှ ၄.၅ ကြိမ် ကာကွယ်ပေးနိုင်ခဲ့ပြီး ၂ ပွဲဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။