စူပါစတားတစ်ဦး ခေါ်ယူရန် စိတ်အားထက်သန်နေမှုနှင့်အတူ ဗီနီရှပ်စ်ဂျူနီယာအား ခေါ်ယူရန် ပစ်မှတ်ထားလာတဲ့ လီဗာပူး
====================

လီဗာပူးနည်းပြအန်ဒိုနီအိုင်ရာအိုလာဟာ အသင်းသို့ စူပါစတားတစ်ဦး ခေါ်ယူရန် စိတ်အားထက်သန်နေမှုနှင့်အတူ ရီးရဲလ်မက်ဒရစ်စတားဗီနီရှပ်စ်ဂျူနီယာအား ခေါ်ယူရေး စိတ်ဝင်စားနေကြောင်း သိရပါတယ်။
အသက် ၂၆ နှစ်ရှိ ဗီနီရှပ်စ်ဟာ ဘရာဇီးနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကစားပြီးနောက် မေးရိုးခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ နော်ဝေကို ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်တွင် ရှုံးနိမ့်ပြီးနောက် ဂိုအာနီးယားတွင် မေးရိုးပြုပြင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ မေးရိုးပြုပြင်မှုကြောင့် ပေါင် ၃၀၀၀ မှ ပေါင် ၁၄၀၀၀ အတွင်း ကုန်ကျခဲ့တယ်လို့ ယူဆရပါတယ်။
တဖက်တွင် လီဗာပူးဟာ ဗီနီရှပ်စ်ကို ယခုနွေရာသီတွင် မခေါ်ယူနိုင်ပါကလည်း လာမယ့် ၂၀၂၇ ခုနှစ် နွေရာသီတွင် ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးလာမှုနှင့်အတူ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မယ့် အခွင့်အရေးကြီးလည်း ရှိနေပါတယ်။
ဗီနီရှပ်စ်ဟာ ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုများ ပြုလုပ်လာခဲ့တာ ကြာမြင့်ပြီ ဖြစ်ပေမဲ့လည်း အဆင်မပြေ ဖြစ်နေမှုနှင့်အတူ ရပ်ဆိုင်းထားပါတယ်။
ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်တဲ့ ဗီနီရှပ်စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါတွင် ၁၆ ဂိုးသွင်းကာ ၅ ကြိမ် ဖန်တီးမှုအပါအဝင် ပြိုင်ပွဲအရပ်ရပ် ၂၂ ဂိုးအထိ သွင်းနိုင်ခဲ့ပေမဲ့လည်း ဆုဖလားလက်မဲ့ ဖြစ်ပါတယ်။
တဖက်တွင် လီဗာပူးဟာ ပေါင်သန်း ၁၀၀ တန်ကြေးရှိ ပီအက်စ်ဂျီမှ ဘရက်ဒလေဘာကိုလာအား ခေါ်ယူရေး အာဆင်နယ်နှင့် အပြိုင်ကြိုးပမ်းနေပါတယ်။
အာဆင်နယ်ဟာ မော်ဂန်ရော်ဂျာအား ချဲလ်ဆီးသို့ လက်လွှတ်လိုက်ရပြီးနောက် ဘာကိုလာအား ခေါ်ယူရေး စိတ်အားထက်သန်နေပါတယ်။
ဘိုင်ယန်မြူးနစ်ကလည်း မိုက်ကယ်အိုလီဆီကိုသာ ရီးရဲလ်မက်ဒရစ်သို့ လက်လွှတ်လာရပါက ဘာကိုလာဖြင့် အစားထိုးရန် အခြေအနေကို စောင့်ကြည့်နေပါတယ်။

image