မွေးရပ်မြေအီတလီတွင် မင်္ဂလာပွဲ ကျင်းပလာတဲ့ မန်စီးတီးဂိုးသမားဒွန်နာရမ်မာ
===================
ဂျီယန်လူဂီဒွန်နာရမ်မာဟာ မွေးရပ်မြေအီတလီတွင် လက်ထပ်မင်္ဂလာပွဲ ကျင်းပလာခဲ့ပြီး သူငယ်ချင်းဘောလုံးသမားအမြောက်အမြား တက်ရောက်ခဲ့ကြပါတယ်။
မန်စီးတီးဂိုးသမားဟာ အီတလီနိုင်ငံ၊ လိုကိုရိုတိုဒိုရှိ Chiesa Madre di San Giorgio Martire တွင် ငယ်ချစ်အလစ်စီယာအယ်လီဖန်တီနှင့် လက်ထပ်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ နေပယ်အနီး Castellammare di Stabia မြို့တွင် ၂၀၁၆ ခုနှစ်တုန်းက အလစ်စီယာနှင့် တွေ့ဆုံချစ်ကြိုက်ခဲ့တာ ဖြစ်ပြီး ပထမဆုံးသားလီယိုအား ၂၀၂၄ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ်။
၎င်းတို့ဟာ မေလတုန်းက စေ့စပ်ခဲ့ကြပြီး “Long-term contract signed.”ဆိုပြီး အင်စတာဂရမ်တွင် ပို့စ်တင်ခဲ့ပါတယ်။
ဒွန်နာရမ်မာရဲ့ မင်္ဂလာပွဲသို့ ပက်ဂွါဒီယိုလာ၊ အာလင်းဟာလန်း၊ ဆန်ဒရိုတိုနာလီ၊ ပေါ်လိုမာလ်ဒီနီ၊ နီကိုလိုဘာရယ်လာတို့ တက်ရောက်ခဲ့ကြပါတယ်။
မာလ်ဒီနီနှင့် ဂွါဒီယိုလာတို့ဟာ ယခုအပတ်အစောပိုင်းတုန်းက အီတလီနည်းပြရာထူးအတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသူများလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာဟာ မိသားစုအား ပိုမိုအချိန်ပေးလိုမှုနှင့်အတူ အီတလီနည်းပြရာထူးအား ငြင်းပယ်ခဲ့ပါတယ်။
မန်စီးတီးကစားဖော်အာလင်းဟာလန်းမှာ ချစ်သူအစ္စဘယ်ဟော့ဂ်ဆန်ဂျိုဟန်ဆန်နှင့်အတူ တက်ရောက်ခဲ့ပါတယ်။