အင်္ဂလန်မသန်စွမ်းဘောလုံးအသင်းရဲ့ ကမ္ဘာ့ဖလား ပျက်ပြယ်လာဖို့ ရှိနေ
==================

အင်္ဂလန်အမျိုးသားမသန်စွမ်းဘောလုံးအသင်းဟာ ရန်ပုံငွေအလုံအလောက် မရှိမှုနှင့်အတူ မက္ကဆီကိုတွင် ကျင်းပမယ့် ကမ္ဘာဖ့လားပြိုင်ပွဲအား လွဲချော်လာနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။
နေးရှင်းလိဂ်ချန်ပီယံဖြစ်ထားတဲ့ ယင်းအသင်းဟာ နိုဝင်ဘာလတွင် ကျင်းပမယ့် ယင်းပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိထားပြီး GoFundMe တွင် ရန်ပုံငွေ ပေါင် ၅၀၀၀၀ ရရှိရေး ကြိုးပမ်းနေပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ အခြားမသန်စွမ်းအသင်းများကို ငွေကြေးထောက်ပံ့ပေးပေမဲ့လည်း ၂၀၀၆ ခုနှစ်မှ စတင်ကာ မသန်စွမ်းဘောလုံးအသင်းအား ထောက်ပံ့မှု ရပ်ဆိုင်းလာခဲ့တာပါ။
ယင်းနောက်ပိုင်းတွင် အင်္ဂလန်မသန်စွမ်းဘောလုံးအဖွဲ့ချုပ်ဟာ ရန်ပုံငွေတစ်ခု ဖန်တီးပြီး အမျိုးသား၊ အမျိုးသမီးနှင့် လူငယ်အသင်းများအား ပံ့ပိုးပေးလာခဲ့ပါတယ်။
အက်ဖ်အေရဲ့ ကိုယ်စားလှယ်များဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက မသန်စွမ်းအမျိုးသားဘောလုံးအသင်းအား ငွေကြေးထောက်ပံ့ပေးရန် ကမ်းလှမ်းခဲ့ပေမဲ့လည်း မျှော်မှန်းထားသလောက်မပေးခဲ့ပါဘူး။
အက်ဖ်အေဟာ နောက်ဆုံး ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တုန်းက ဝင်ငွေ ပေါင် ၅၁၆ သန်းအထိ ရရှိခဲ့ပြီး ပေါင် ၆ သန်းအမြတ်ထွက်ခဲ့ပါတယ်။
တဖက်တွင် အင်္ဂလန်အမျိုးသားအသင်းမှာလည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရရှိခဲ့ပြီးနောက် ဆုကြေး ပေါင် ၂၁.၅ သန်းအထိ ရရှိခဲ့ပါတယ်။
လက်ရှိအချိန်တွင် မသန်စွမ်းအမျိုးသားအသင်းဟာ ရန်ပုံငွေ ပစ်မှတ် ပေါင် ၅၀၀၀၀ မှ ပေါင် ၃၂၄၁၇ (လက်ရှိ သတင်းရေးသားချိန်) ရရှိထားပြီ ဖြစ်ပါတယ်။
မသန်စွမ်းအမျိုးသားလက်ရွေးစင်အသင်းနည်းပြဟောင်းရော်ဂျာက "ဘယ်လောက် အလုပ်လုပ်ရခဲ့သလဲ သိတယ်။ ဘယ်လောက်လုပ်ရကြပ်သလဲ သိတယ်။ သူတို့ကိုယ်တိုင်ရော မိသားစုတွေရော ပေးဆပ်ပြီး လုပ်နေကြတာ။ အခု ဒီအနေအထားမျိုးမှာတော့ မဖြစ်နိုင်တော့ဘူးထင်တယ်။ ဒါက တကယ့်ကို ရာဇဝတ်မှုပါ"လို့ ပြောကြားသွားပါတယ်။

image