1 ပတ် - ဘာသာပြန်ပါ။

ရိုဒရီအား ခေါ်ယူရေး ငွေဖြည့်တင်းရန် ယူနိုက်တက်ထံ ချူအာမီနီကို ပေါင် ၆၈ သန်းဖြင့် ရောင်းချလာတော့မယ့် ရီးရဲလ်မက်ဒရစ်
=====================

ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့ဖလားချန်ပီယံရိုဒရီကို ခေါ်ယူရေး ငွေဖြည့်တင်းရန်အတွက် အူရယ်လီယန်ချူအာမီနီကို ယူနိုက်တက်ထံသို့ ရောင်းချလာတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တန်ကြေး ပေါင် ၆၈ သန်းရှိ အသက် ၂၆ နှစ်ရှိ ပြင်သစ်ကွင်းလယ်ကစားသမားအား ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။
ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်ဟာ အင်ဒရေဆန်းတို့စ်နှင့် ယူရီတီလီမန်းစ်တို့အား ခေါ်ယူထားပြီးဖြစ်ပေမဲ့ ကွင်းလယ်ခံစစ်စပါယ်ရှယ်လစ်တစ်ဦးဖြစ်တဲ့ ချူအာမီနီအား ခေါ်ယူရေး ထပ်မံ ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်နှင့် မန်စီးတီးကွင်းလယ်လူရိုဒရီအား ခေါ်ယူရေး ပစ်မှတ်ထားနေပါတယ်။
မန်စီးတီးက အသက် ၃၀ နှစ်ရှိ စပိန်အသင်းခေါင်းဆောင်ရိုဒရီမှာ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့ပေမဲ့လည်း ပေါင် ၈၅ သန်းအထိ ရရှိလိုနေပါတယ်။ သူဟာ အသေးစားကျောဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ရန် ရှိနေမှုနှင့် ရာသီအစပွဲစဉ်အချို့ကို လွဲချော်လာပါမယ်။
ရီးရဲလ်မက်ဒရစ်နည်းပြသစ်ဟိုဆေးမော်ရင်ဟိုဟာ အစောပိုင်းတုန်းက အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ချူအာမီနီအား ဆက်ထိန်းထားရန် စီစဉ်ထားခဲ့တဲ့အပြင် စာချုပ်သစ်ချုပ်ဆိုရေး နှုတ်အားဖြင့် သဘောတူညီမှု ရခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းတွင် မော်ရင်ဟိုဟာ စိတ်ပြောင်းကာ ချူအာမီနီအား ရောင်းချရန် ဆုံးဖြတ်လာပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီတွင် ဝါရင့်ကွင်းလယ်ကစားသမားကက်စ်မီရိုအား ထွက်ခွာခွင့် ပြုထားသလို မန်နူရယ်အူဂတ်တီမှာလည်း ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူရမှာ ဖြစ်လို့ ချူအာမီနီအား ခေါ်ယူရေး အလွန်အမင်းစိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်တုန်းက ရီးရဲလ်မက်ဒရစ်သို့ ပေါင် ၆၈ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ချူအာမီနီမှာ ယူနိုက်တက်ရဲ့ အသက် ၂၂ နှစ်မှ အသက် ၂၆ နှစ်အတွင်း ကစားသမားများကို ခေါ်ယူရန် အဓိကပစ်မှတ်ထားတဲ့ အချက်နှင့်လည်း ကိုက်ညီနေသူ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ် ဆိုးလ်ရှားလက်ထက်တုန်းက မိုနာကိုမှ ချူအာမီနီအပြင် ဝက်စ်ဟမ်းမှ ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူရေး ကြိုးပမ်းခဲ့ဖူးပေမဲ့လည်း ထိုစဉ်တုန်းက အပြောင်းအရွှေ့ဘတ်ဂျက်မလုံလောက်မှုနှင့်အတူ မခေါ်ယူနိုင်ခဲ့တာပါ။
ယင်းနောက် ၂၀၂၂ ခုနှစ်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ကက်စ်မီရိုနေရာမှာ အစားထိုးရန် ချူအာမီနီအား ခေါ်ယူခဲ့ပါတယ်။

image