မိုနာကိုရဲ့ဘမ်ဘာကို ပေါင် ၃၄ သန်းဖြင့် ခေါ်ယူရန် နယူးကာဆယ် သဘောတူညီမှုရရှိ
====================

နယူးကာဆယ်ဟာ မိုနာကိုအလယ်တန်းကစားသမားအလက်ဂျီဘမ်ဘာကို ပေါင် ၃၄ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
အသက် ၂၀ နှစ်ရှိ ပြင်သစ်ကစားသမားဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လကမှ မိုနာကိုအတွက် ပထမဆုံးပွဲကစားခွင့် ရရှိခဲ့သူ ဖြစ်ပြီး ယနေ့ ကြာသပတေးနေ့တွင် ဆေးစစ်ဆေးမှု ခံယူကာ နှစ်ရှည်စာချုပ်ဖြင့် ပြောင်းရွှေ့လာပါမယ်။
နယူးကာဆယ်ဟာ ဆန်ဒရိုတိုနာလီကို ပေါင်သန်း ၁၀၀ ဖြင့် စပါးစ်သို့ ရောင်းချထားပြီးနောက် အေဂျက်စ်မှ အသက် ၁၈ နှစ်အရွယ်ရှိ ရှောင်စတားကိုလည်း ခေါ်ယူထားပါတယ်။
နယူးကာဆယ်ဟာ ဖရိုင်းဘတ်အလယ်တန်းကစားသမားဂျိုဟန်မန်ဇမ်ဘီကို ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမဲ့ ဗီလာအား အရေးနိမ့်ခဲ့ပါတယ်။
ဘမ်ဘာဟာ ပြီးခဲ့တဲ့ရာသီတုန်းက မိုနာကိုအတွက် လီဂူး ၁ ၁၈ ပွဲအပါအဝင် ပြိုင်ပွဲအရပ်ရပ် ၂၅ ပွဲကစားခွင့်ရရှိခဲ့ပါတယ်။
သူဟာ လီဂူး ၁ တွင် တစ်ပွဲပျမ်းမျှ တစ်ဦးချင်း ထိပ်တိုက်တွေ့ဆုံမှု တားဆီးနိုင်မှု ၉.၁ ကြိမ်၊ ဘောလုံးဖျက်ထုတ်မှု ၃.၆ ကြိမ်၊ ဘောလုံးသယ်ဆောင်နိုင်မှု ၁.၆ ကြိမ်၊ ခေါင်းယှဉ်တိုက်စဉ် အနိုင်ရမှု ၁.၉ ကြိမ်ဖြင့် ထိပ်ဆုံး ၅ ဦးစာရင်းတွင် ရပ်တည်နိုင်ခဲ့ပါတယ်။

image