🙏 ဂုဏ်တော် ပွားတယ် ဆိုတာ
တကယ်တော့ မိတ္တူ ကူးတာပါ။
🙏 မြတ်စွာဘုရားရှင်မှာ ရှိတဲ့
အရည်အချင်းတွေ အစွမ်းသတ္တိတွေကို
ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲမှာ
စိမ့်ဝင်ပျံ့နှံ့လာအောင်
မိတ္တူ ကူးယူတာပါ။
စပယ်ပန်းကို လက်ထဲဆုပ်ထားရင်
စပယ်ပန်းရနံ့
လက်မှာ ကူးစက်လာသလို
မြတ်စွာဘုရားရှင်ရဲ့
အရည်အချင်းတစ်ခုခု
အစွမ်းသတ္တိတစ်ခုခုကို
ထပ်တလဲလဲ အမှတ်ရနေရင်
အဲဒီအရည်အချင်းမျိုး
အဲ့ဒီအစွမ်းသတ္တိမျိုး
ကိုယ့်စိတ် ကိုယ့်နှလုံးသားမှာ
ကူးစက်လာပါတယ်။
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
#တရားတော် #ဂုဏ်တော် #ဓမ္မဒါန

image