လီဗာပူးရဲ့ ရှယ်ယာများကို ဝယ်ယူရန် ကြိုးပမ်းနေတဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့တွင် ပေါင် ၁၉၂ ဘီလီယံကြွယ်ဝချမ်းသာတဲ့ ဂျက်ဖ်ဘီဇော့စ် ပါဝင်လာဖွယ်ရှိ
====================

လီဗာပူးရဲ့ ရှယ်ယာများကို ဝယ်ယူရန် ကြိုးပမ်းနေတဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့တွင် Amazon ဘီလျှံနာဂျက်ဖ်ဘီဇော့စ်လည်း ပါဝင်လာဖို့ ရှိနေကြောင်း သိရပါတယ်။
ကျူပီအာပူးတွဲပိုင်ရှင်ဟောင်း ဗြိတိန်နှင့် အိန္ဒိယနွယ်ဖွားအာမက်ဘာတီယာဟာ လီဗာပူးရဲ့ ရှယ်ယာအချို့အား ဝယ်ယူရာတွင် ဘီဇော့စ်ကိုလည်း ပါဝင်ရင်းနှီးမြှပ်နှံရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Sky Sports ရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ဒါပေမဲ့ ပေါင် ၁၉၂ ဘီလီယံကြွယ်ဝချမ်းသာတဲ့ ဂျက်ဖ်ဘီဇော့စ်ဟာ ပရီးမီးယားလိဂ်ကလပ်ရဲ့ ရှယ်ယာများကို ဝယ်ယူရေး ကြိုးပမ်းတဲ့ ရင်းနှီးမြှပ်နှံရေးအဖွဲ့တွင် ပါဝင်ရေးနှင့်ပတ်သက်ပြီး တစုံတရာ ဆုံးဖြတ်ချက်မချရသေးပါဘူး။
ပြီးခဲ့တဲ့နှစ်များအတွင်းတွင် အင်္ဂလိပ်ဘောလုံးလောကမှာ အမေရိကန်ရင်းနှီးမြှပ်နှံသူများအတွက် မျက်စိကျစရာ ဖြစ်နေပါတယ်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ကလပ်အားလုံးရဲ့ ၅၀ ရာခိုင်နှုန်းဝန်းကျင်ကို အမေရိကန်ရင်းနှီးမြှပ်နှံရေးအဖွဲ့များက ပိုင်ဆိုင်ထားပါတယ်။
ယင်းအထဲမှာ ခရစ္စတယ်ပဲလေ့စ်ပိုင်ရှင်များက ကလပ်ရဲ့ ရှယ်ယာများကို ရောင်းချရေး ကြိုးပမ်းနေပါတယ်။
အသက် ၆၂ နှစ်ရှိ ဘီဇော့စ်ဟာ ယခင်တုန်းက 2026 Super Bowl ချန်ပီယံ Seattle Seahawks ကို ဝယ်ယူရေး ကြိုးပမ်းဖူးသလို Washington Commanders ကိုလည်း ဝယ်ယူရန် ကြိုးပမ်းဖူးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
အိန္ဒိယဘီလျှံနာလက်ရှ်မီးမက်တယ်ရဲ့ သားမက် ဗြိတိန်-အိန္ဒိယနွယ်ဖွား သန်းကြွယ်သူဌေးဘာတီယာဟာ လီဗာပူးရဲ့ ရှယ်ယာအချို့ကို ဝယ်ယူရေး Fenway Sports Group (FSG) နှင့် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
Fenway Sports Group (FSG) ဟာ အစောပိုင်းတုန်းက ကလပ်ရှယ်ယာ ၄ ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ်တုန်းက Dynasty Equity ထံသို့ ပေါင် ၁၆၄ သန်းဖြင့် ရောင်းချခဲ့ဖူးပါတယ်။
ယင်းငွေကြေးများကြောင့် လီဗာပူးဟာ ငွေကြေးပိုင်း တောင့်တင်းကာ ကြွေးမြီများကို ရှင်းလာနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယင်းငွေများကို အပြောင်းအရွှေ့အတွက် အသုံးမပြုနိုင်ပါဘူး။
ဘာတီယာဟာ လီဗာပူးကို ပေါင် ၄.၅ ဘီလီယံတန်ဖိုးသတ်မှတ်ကာ ကလပ်ရဲ့ ရှယ်ယာများကို ဝယ်ယူရေးကြိုးပမ်းနေတာပါ။

image