အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားဂိုးစံချိန်အား ဘယ်လင်ဂမ် ရိုက်ချိုးလာ
======================

ဂျူ့ဘယ်လင်ဂမ်ဟာ ပြင်သစ်အား အနိုင်ရတဲ့ ကမ္ဘာ့ဖလားတတိယနေရာလုပွဲတွင် နောက်ကျဂိုးသွင်းယူပြီးနောက် ကမ္ဘာ့ဖလားတစ်ခုတည်းတွင် ၇ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူလာပါတယ်။
ရီးရဲလ်မက်ဒရစ်စူပါစတားဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသင်းခေါင်းဆောင်ဟယ်ရီကိန်းနှင့်အတူ ၆ ဂိုးသွင်းယူထားကာ ဂယ်ရီလိုင်နီကာရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုတည်းတွင် အင်္ဂလန်အတွက် ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်အား လိုက်မီထားသူ ဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ၆ ဂိုးသွင်းကာ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့သလို လိုင်နီကာရဲ့စံချိန်ကို လိုက်မီခဲ့ဖူးပါတယ်။
ဒါပေမဲ့ အသက် ၂၃ နှစ်ရှိ ဘယ်လင်ဂမ်ဟာ ၇၉ မိနစ်တွင် လူစားဝင်ရောက်ပြီးနောက် တန်ပြန်တိုက်စစ်ကနေ တဆင့် နောက်ခံလူတစ်ယောက်ကို ကျော်ဖြတ်ကာ ပြင်သစ်အား ၆-၄ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ အပိတ်ဂိုးသွင်းယူကာ စံချိန်သစ် ရေးထိုးလာပါတယ်။
ယင်းမတိုင်မီ ၁၂ မိနစ်တုန်းက သူဟာ အင်္ဂလန်အသင်း ပင်နယ်တီ ရရှိချိန်တွင် ပင်နယ်တီကန်ရန် လုပ်ပြီးမှ ကစားဖော်ဘူကာယိုဆာကာအား ကန်ခွင့်ပေးကာ ဟက်ထရစ်သွင်းနိုင်အောင် ပံ့ပိုးပေးခဲ့ပါတယ်။
ပွဲအပြီးတွင် ဆာကာက "မဟုတ်ဘူး။ ဂျူ့က ဘယ်တုန်းကမှ ပင်နယ်တီ မကန်ဘူး။ ဒါပေမဲ့ ဒီကနေ့ သူက ကျွန်တော့်ကို ဘောလုံးလာပေးပြီး ဟက်ထရစ်ယူလို့ ပထမဆုံးပြောလာတဲ့သူပါ။ ဘယ်သူမှ ဒီအပေါ် မနှောင့်ယှက်ပါဘူး။ ကျွန်တော်ကပဲ အမြဲတမ်းကန်တဲ့သူပါ"လို့ ပြောကြားသွားပါတယ်။

image