1 ပတ် - ဘာသာပြန်ပါ။

မော်လိုက်မြို့ရှိ ဝန်ထမ်းများနှင့် ဒေသခံများကို သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေး

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ဒေသခံများအား ဇူလိုင် ၁၈ ရက်မှစတင်၍ သက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ထွေအုပ်ရုံး၌ အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် ပြင်ပပေါက်ဈေးထက်ဈေးနှုန်းသက်သာစွာ ဇူလိုင် ၂၀ ရက်အထိ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image