နောက်ခံလူမူဟာရီမိုဗစ်ကို ပေါင် ၃၄.၁ သန်းဖြင့် ခေါ်ယူရန် လိဒ် သဘောတူညီမှု ရရှိလာ
====================

လိဒ်ဟာ အီတလီကလပ် ဆက်စ်ဆူလိုမှ နောက်ခံလူတာရစ်ခ်မူဟာရီမိုဗစ်အား ပေါင် ၃၄.၁ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိလာပါတယ်။
အသက် ၂၃ နှစ်ရှိ ဗဟိုနောက်ခံလူဟာ လိဒ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘာတူညီမှု ရရှိခြင်း မရှိသေးသလို ဆေးစစ်ဆေးမှုလည်း ခံယူထားခြင်း မရှိပါဘူး။ တဖက်တွင် သူ့ကို ခေါ်ယူရန် အခြားပရီးမီးယားလိဂ်ကလပ်များကလည်း စိတ်ဝင်စားနေပါသေးတယ်။
တကယ်လို့များ ဘော့စနီးယားနောက်ခံလူသာ လိဒ်သို့ ပြောင်းရန် ဆုံးဖြတ်လာပါက သူဟာ ယခုနွေရာသီတွင် လိဒ်သို့ ရောက်လာတဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာပါမယ်။
လိဒ်ဟာ ယခုနွေရာသီတွင် ဖူလ်ဟမ်မှ ဟယ်ရီဝီလ်ဆင်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူအားဖြည့်ထားပြီး ဖြစ်ပါတယ်။
လိဒ်ဟာ ဇွန်လတုန်းက ဘရိုက်တန်သို့ ပေါင်သန်း ၂၀ ဖြင့် ရောင်းချလိုက်တဲ့ ပါစကယ်စထရူ့ခ် နေရာမှာ တိုက်ရိုက်အစားထိုးရန် မူဟာရီမိုဗစ်အား ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
မူဟာရီမိုဗစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘော့စနီးယားအတွက် ၃ ပွဲကစားထားသူ ဖြစ်ပါတယ်။
သူဟာ အမေရိကန်အား ၃၂ သင်းရှုံ့းထွက်အဆင့်တွင် ရှုံးနိမ့်သောပွဲစဉ်မှာ ဖိုလာရန်ဘာလိုဂန်ရဲ့ ဖျက်ထုတ်မှုခံခဲ့ရပါတယ်။ ယင်းအဖြစ်အပျက်ကြောင့် ဘာလိုဂန်မှာ အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပေမဲ့လည်း ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်လာမှုကြောင့် ၁ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခြင်းခံခဲ့ရပါတယ်။
ဆလိုဗေးနီးယားဖွား မူဟာရီမိုဗစ်ဟာ ဩစတြီးယားတွင် ဘောလုံးကစားသမားဘဝ တင်ကာ ဂျူဗင်တပ်တွင်လည်း ကျင်လည်ခဲ့ဖူးပါတယ်။ သူဟာ ဂျူဗင်တပ်အတွက် ပထမအသင်းမှာ တစ်ပွဲမျှ မကစားခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်တွင် ဆက်စ်ဆူလိုသို့ အငှားချခြင်းခံခဲ့ရပြီး ၂၀၂၅ ခုနှစ်မှာတော့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ မူဟာရီမိုဗစ်ရဲ့ အပြောင်းအရွှေ့သာ ဖြစ်လာပါက ပြောင်းရွှေ့ကြေးရဲ့ ၅၀ ရာခိုင်နှုန်းအား အကျိုးခံစားခွင့် ရရှိလာပါမယ်။

image