ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပထမပိုင်းနားချိန်မှာ ၂၅ မိနစ်အထိ ကြာမြင့်လာနိုင်
====================
တနင်္ဂနွေနေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပထမပိုင်းအပြီး နားချိန်မှာ မိနစ် ၂၀ မှ ၂၅ မိနစ်အထိ ကြာမြင့်လာနိုင်ကြောင်း သိရပါတယ်။
New York New Jersey Stadium တွင် ကစားမဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် Super-Bowl ကဲ့သို့ ပထမပိုင်းအပြီး ဖျော်ဖြေပွဲ ပါဝင်လာမှာ ဖြစ်ပြီး မက်ဒေါနား၊ ရှာကီရာ၊ BTS တို့ ဖျော်ဖြေလာကြပါမယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီက ယင်းသို့ ဖျော်ဖြေပွဲ ထည့်သွင်းလာမှုနှင့်အတူ ကမ္ဘာ့ဖလားဗိုလ်လုပွဲ ပထမပိုင်းအပြီး နားချိန်မှာ မိနစ် ၂၀ ဝန်းကျင်အထိ ကြာမြင့်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
တဖက်တွင် ဖီဖာဟာ ဘောလုံးပွဲများတွင် ပထမပိုင်းအပြီးမျာ ၁၅ မိနစ်တည်းသာ နားရာ ဖျော်ဖြေပွဲအား ၁၁ မိနစ်တည်းဖြင့် အပြီး လုပ်ဆောင်ရေးလည်း လုပ်ဆောင်နိုင်ခွင့် ရှိနေပါတယ်။
နိုင်ငံတကာဘောလုံးစည်းမျဉ်းအရ ဘောလုံးပွဲရဲ့ ပထမပိုင်းအပြီး နားချိန်မှာ ၁၅ မိနစ်ထက် မပိုရဆိုတဲ့ စည်းမျဉ်း ရှိနေပါတယ်။
ဖီဖာဟာ ပြီးခဲ့တဲ့နှစ်တုန်းက နယူးဂျာစီတွင်ပင် ကစားခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်လည်း ပထမပိုင်းအပြီး ဖျော်ဖြေပွဲ ထည့်သွင်းခဲ့ရာ စုစုပေါင်း ၂၄ မိနစ်အထိ ကြာမြင့်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ ဗိုလ်လုပွဲ ပထမပိုင်းအပြီး ဖျော်ဖြေမှုတွင် ဂျပ်စတင်ဘီဘာကိုလည်း ထပ်မံထည့်သွင်းလာမှုနှင့်အတူ ပိုမိုကြာမြင့်လာမယ်လို့ ယုံကြည်ရပါတယ်။
ဒါ့အပြင် Burna Boy ၊ ဂပ်စ်တာဗိုဒူဒါမယ်၊ PS22 Chorus နှင့် ခရစ်မာတင်တို့လည်း ဖျော်ဖြေလာဦးမည်ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် တွမ်ခရုစ်ဇ်၊ လူရာပူဆီနီ၊ နီကိုလီရှာဇင်ဂါ၊ ရော်ဘီဝီလီယံ၊ iShowSpeed လည်း ပါဝင်ဖျော်ဖြေမဲ့ အပြင် ဂျက်နီဖာဟတ်ဆင်ကလည်း အမေရိကန်နိုင်ငံတော်သီချင်းကို သီဆိုလာပါဦးမယ်။
လက်ရှိအချိန်တွင် စပိန်က ပြင်သစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် တစ်နေရာ ရယူထားပြီး ဖြစ်ပါတယ်။
ယနေ့ညတွင် အာဂျင်တီးနားနှင့် အင်္ဂလန်တို့က ဆီမီးဖိုင်နယ်ပွဲ ကစားကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲကျန်တစ်နေရာအတွက် တိုက်ပွဲဝင်လာကြပါမယ်။