ထရိုဆတ်အား ဘီဆစ်တပ်စ်သို့ ရောင်းချရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်တဲ့ အာဆင်နယ်
====================
အာဆင်နယ်ဟာ ဘယ်ဂျီယံတိုက်စစ်သမားလီယန်ဒရိုထရိုဆတ်ကို တူရကီကလပ် ဘီဆစ်တပ်စ်သို့ ရောင်းချရေး ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိ တိုက်စစ်သမားဟာ အာဆင်နယ်ရဲ့ ခွင့်ပြုချက်ဖြင့် ဆေးစစ်ဆေးမှု ခံယူရန် အစ္စဘူလ်သို့ သွားရောက်ခွင့် ရလာပြီလည်း ဖြစ်ပါတယ်။
ထရိုဆတ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဘရိုက်တန်မှ ပေါင် ၂၁ သန်းအပြင် အပိုဆုကြေးပေးမယ့်အချက်ဖြင့် ရောက်လာခဲ့သူ ဖြစ်ပြီး အာဆင်နယ်နှင့် စာချုပ်မှာ ၂၀၂၇ ခုနှစ်တွင်မ ကုန်ဆုံးပါမယ်။
သူဟာ အာဆင်နယ်အတွက် ၁၇၄ ပွဲကစားပေးခဲ့ရာမှာ ၃၇ ဂိုးသွင်းပြီး ၃၄ ကြိမ် ဖန်တီးပေးခဲ့ကာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ထရိုဆတ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ကို ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲသို့လည်း တက်ရောက်အောင် အဓိကနေရာမှ ကူညီခဲ့သူပါ။
သူဟာ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်သို့အထိ တက်နိုင်ခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘယ်ဂျီယံရဲ့ ၆ ပွဲလုံး ပွဲထွက်ကစားခွင့်ရခဲ့ကာ ၂ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။