ဟာစီနာပြန်လာလျှင် ထောင်ချမည်--ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး

ရာထူးမှ ဖယ်ရှားခံရပြီး အိန္ဒိယနိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေသော ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာသည် နိုင်ငံသို့ ပြန်လာပါက ထောင်ဒ-ဏ်ကျခံရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ဒီဇင်ဘာလတွင် သူ ပြည်တော်ပြန်မည်ဖြစ်ကာ တရားရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဟာစီနာက ရို-က်တာသတင်းဌာနသို့ ပြောကြားအပြီး ရက်အတန်ကြာတွင် ယခုသတင်းထွက်လာခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် သူ၏ သက်တမ်းကြာရှည် အုပ်ချုပ်မှုကို ဆန့်ကျင်သည့် လူထုအုံကြွမှုကြီးဖြစ်ပေါ်ပြီးနောက် ဟာစီနာသည် ဘင်္ဂလားဒေ့ရှ်တွင် သေဒ-ဏ်ချမှတ်ခံထားရပြီး သူ၏ ပါတီသည်လည်း ပိတ်ပင်ခံထားရသည်။
ကုလသမဂ္ဂ၏ အဆိုအရ လူပေါင်း ၁,၄၀၀ ခန့်‌ေ-သဆုံးခဲ့သည်ဆိုသော အုံကြွမှုအပြီး ထိုနှစ် သြဂုတ်လကတည်းက ဟာစီနာသည် နူးဒေလီတွင် တိမ်းရှောင်နေထိုင်ခဲ့သည်။
“ရှိတ်ဟာစီနာက ပြစ်ဒ-ဏ်ချခံထားရသူပါ။ သူ အညံ့ခံရင် ဘင်္ဂလားဒေ့ရှ်ရဲ့ ဥပဒေတွေအရ အရေးယူဆောင်ရွက်ပါမယ်” ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာမာ အိုဘာအိဒ် အစ္စလမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။
“သူ ထောင်ဒ-ဏ်ကျခံရမှာဖြစ်ပြီး ဥပဒေပြဌာန်းချက်များနဲ့အညီ နောက်ထပ်အရေးယူမှုတွေ လုပ်သွားပါမယ်” ဟု သူကဆိုသည်။
ဟာစီနာကို လွှဲပြောင်းပေးရန် ဘင်္ဂလားဒေ့ရှ်က အိန္ဒိယကို တောင်းဆိုထားပြီး ထိုတောင်းဆိုချက်ကို စစ်ဆေးနေကြောင်းနှင့် အစိုးရသစ်နှင့် အပြုသဘောဆောင်သော ဆက်ဆံမှုနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လိုကြောင်း နူးဒေလီက ဧပြီလတွင် ပြောကြားခဲ့သည်။

image