နည်းပြဟောင်းဆလာဗန်ဘီလစ်ကို နည်းပြသစ်အဖြစ် ခရိုအေးရှားခန့်အပ်လာ
====================

ခရိုအေးရှားဟာ အမျိုးသားလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် နည်းပြဟောင်းဆလာဗန်ဘီလစ်ကို ပြန်လည်ခန့်အပ်လာပါတယ်။
ဘီလစ်ဟာ ခရိုအေးရှားအသင်းကို ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး ဇလတ်ကိုဒါလစ်နေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရတာပါ။
ဇလတ်ကိုဒါလစ်ဟာ ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်တွင် ပေါ်တူဂီကို ရှုံးနိမ့်ကာ ထွက်ခွာရပြီးနောက် ရာထူးမှ နုတ်ထွက်သွားခဲ့ပါတယ်။
ဘီလစ်ဟာ ခရိုအေးရှားလက်ရွေးစင်နောက်ခံလူဟောင်းတစ်ဦးဖြစ်ပြီး ၄၄ ပွဲကစားခဲ့ကာ ၁၉၉၈ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်သို့အထိ တက်ခဲ့ဖူးပါတယ်။
သူဟာ ခရိုအေးရှားအသင်းကို ပထမအကြိမ် ကိုင်တွယ်စဉ်တုန်းက ၆၅ ပွဲ ကြီးကြပ်ခဲ့ရာမှာ ၄၂ ပွဲနိုင်၊ ၁၅ ပွဲသရေ၊ ၈ ပွဲရှုံး မှတ်တမ်း ရယူနိုင်ခဲ့ပါတယ်။
ဘီလစ်ဟာ အင်္ဂလန်တွင် ဝက်စ်ဟမ်း၊ ဝက်စ်ဘရွန်း၊ ဝက်ဖို့ဒ်တို့ကို ကိုင်တွယ်ဖူးပြီး နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ကလပ်က ၂၀၂၃-၂၄ ရာသီတုန်းက ဆော်ဒီကလပ် Al-Fateh အား ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

image