အာဂျင်တီးနားနှင့်ပွဲတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ကစားလာမဲ့ အင်္ဂလန်
======================
အင်္ဂလန်ဟာ ဗုဒ္ဓဟူးနေ့တွင် အတ္တလန္တာမှာ အာဂျင်တီးနားနှင့် ကစားမဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် အိမ်ကွင်း အဖြူရောင်ဝမ်းဆက်ကို ဝတ်ဆင်ကစားလာပါမယ်။
လက်ရှိချန်ပီယံ အာဂျင်တီးနားက နေဗီအပြာရောင်လိုင်းပါ အဝေးကွင်းဝတ်စုံ၊ အနက်ရောင်ဘောင်းဘီနှင့် အနက်ရောင်ခြေအိတ်တို့ကို ဝတ်ဆင်ကစားလာပါမယ်။
အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယင်းအဝေးကွင်းဝတ်စုံကို ဂျော်ဒန်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ အုပ်စုပွဲတစ်ပွဲတည်းတွင်သာ ဝတ်ဆင်ကစားလာခဲ့တာပါ။
အာဂျင်တီးနားဟာ ယခင်တုန်းက အဝေးကွင်းဝတ်စုံဖြင့် အင်္ဂလန်နှင့် ရင်ဆိုင်ခဲ့ရာတွင် အနိုင်ရဖူးတဲ့ မှတ်တမ်းကောင်းများ ပိုင်ဆိုင်ထားပါတယ်။
၎င်းတို့ဟာ အဝေးကွင်းဝတ်စုံဖြင့် ၁၉၈၆ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် အင်္ဂလန်ကို ၂-၁ ဖြင့် အနိုင်ရခဲ့ဖူးပြီး ယင်းပွဲတွင် မာရာဒိုနာက Hand Of God ဂိုးကို သွင်းခဲ့ပါတယ်။ ဒါပေမဲ့ အာဂျင်တီးနားဟာ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ဖူးပါတယ်။
အင်္ဂလန်ဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားအုပ်စုပွဲတုန်းက အဝေးကွင်း အနီရောင်ဝတ်စုံဖြင့် အာဂျင်တီးနားကို ၁-၀ ဖြင့် အနိုင်ရခဲ့ဖူးပါတယ်။
အာဂျင်တီးနားမီဒီယာများရဲ့ဖော်ပြမှုအရ အာဂျင်တီးနားအသင်းက ဗုဒ္ဓဟူးနေ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင်း အဖြူ/အပြာနုရောင် အိမ်ကွင်းဝတ်စုံအစား အဝေးကွင်းဝတ်စုံဝတ်ဆင်ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါတယ်။