ခါးသီးတဲ့ ပြိုင်ဘက် အာဂျင်တီးနားနှင့် ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ သတိပေးမှု ပြုလုပ်လာတဲ့ ဟယ်ရီကိန်း
======================

ဟယ်ရီကိန်းက ဗုဒ္ဓဟူးနေ့တွင် အတ္တလန္တာမှာ ခါးသီးတဲ့ ပြိုင်ဘက် အာဂျင်တီးနားနှင့် ရင်ဆိုင်ကစားရမဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ အင်္ဂလန်အနေဖြင့် ပိုကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သတိပေးလာပါတယ်။
တဖက်တွင် အာဂျင်တီးနားစူပါစတားလီယွန်နယ်မက်ဆီက သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းနှင့် ပထမဆုံးအကြိမ် ရင်ဆိုင်ရမဲ့ပွဲအတွက် စိတ်လှုပ်ရှားနေကြောင်း ဆိုထားပါတယ်။
အင်္ဂလန်ဟာ နော်ဝေကို ဂျူ့ဘယ်လင်ဂမ်ရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ၂-၁ ဖြင့် ကံကောင်းထောက်မစွာ အနိုင်ရရှိကာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ တက်လာခဲ့တာပါ။
ယခုအခါ ဟယ်ရီကိန်းဟာ လက်ရှိ ချန်ပီယံအား ကျော်ဖြတ်ကာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်ရေး ပိုမိုကြိုးစားအားထုတ်ကြရန် ကစားဖော်များကို တိုက်တွန်းလာပါတယ်။
ဟယ်ရီကိန်းက "လာမဲ့ပွဲမတိုင်ခင်အထိ ဒီအကြောင်းက ပြောစရာ ဖြစ်နေမယ်ဆိုတာ သိပါတယ်။ ကျွန်တော်တို့ ပိုကောင်းလာနိုင်တာကို သိပါတယ်။ ပိုပြီးတော့ ကောင်းကောင်းကစားနိုင်တာကိုလည်း သိပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးကတော့ ကျွန်တော်တို့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ တက်ရောက်ထားနိုင်တာပါ။ ကျွန်တော်တို့အနေနဲ့ ဒီအတွက် ပျော်သင့်တယ်။ နော်ဝေနဲ့ပွဲမှာ ကျွန်တော်တို့ ကြီးကျယ်တာတချို့ လုပ်ပြနိုင်ခဲ့တယ်။ အောင်မြင်တဲ့အသင်းတစ်သင်းဖြစ်လာဖို့ ဆန္ဒပြင်းပြမှုနဲ့ ဆုံးဖြတ်ချက်ပိုင်နိုင်မှု လိုအပ်တယ်။ အသင်းမှာ ရှိတဲ တစ်ယောက်ချင်းစီတိုင်း နိုင်ငံအတွက် ကိုယ်စွန်းရှိသမျှ လုပ်ရမယ်။ နော်ဝေနဲ့ပွဲမှာ အပူချိန်ခံစားခဲ့ရပေမဲ့ ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်တာ သိတယ်"လို့ ပြောကြားသွားပါတယ်။
အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ပြီးနောက် ယူရိုပြိုင်ပွဲတွင်လည်း ၂ ကြိမ်ဆက် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ပေမဲ့ ဆုဖလားနှင့် ဝေးကွာလာခဲ့တာပါ။

image