ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် နည်းပြသီယော်ကို ဆီနီဂေါ ထုတ်ပယ်လာ
====================

ဆီနီဂေါဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာရပြီးနောက် နည်းပြပါပီသီယော်ကို ရာထူးမှ ထုတ်ပယ်လာပါတယ်။
သီယော်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ဆီနီဂေါအသင်းကို ကိုင်တွယ်လာခဲ့တာ ဖြစ်ပြီး အဖွင့်ပွဲ ၂ ပွဲတွင် ပြင်သစ်နှင့် နော်ဝေတို့အား ရှုံးနိမ့်ခဲ့ပါတယ်။
၎င်းတို့ဟာ အုပ်စုနောက်ဆုံးပွဲတွင် အီရတ်အား ၅-၀ ဖြင့် အနိုင်ယူကာ အကောင်းဆုံးတတိယအဖြစ်ဖြင့် ရှုံးထွက်အဆင့်သို့ တက်ခဲ့တာပါ။
၎င်းတို့ဟာ ၃၂ သင်းရှုံးထွက်အဆင့်မှာ ဘယ်ဂျီယံကို ၂-၀ ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီးမှ ၃-၂ ဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရပါတယ်။
ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ရပြီးနောက် အလယ်တန်းကစားသမားပါပီဂူယီက လက်ရှိ နည်းပြသီယော် အသင်းကို ဦးဆောင်နေတဲ့ ကာလအတွင်း ဆီနီဂေါအတွက် ပြန်ကစားသွားမည်မဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။
သီယော်ဟာ အာဖရိကဖလားဗိုလ်လုပွဲတွင် မော်ရိုကိုအား အနိုင်ရခဲ့တဲ့ပွဲမှာ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့အနေဖြင့် ကစားသမားများကို ကွင်းအတွင်းမှ ထွက်ခွာရန် အဓိကနေရာမှ လှုံဆော်ခဲ့သူလည်း ဖြစ်ပါတယ်။
ယင်းအဖြစ်အပျက်ကြောင့် ဆီနီဂေါဟာ ၁-၀ ဖြင့် အနိုင်ရကာ ချန်ပီယံဖြစ်ခဲ့ပေမဲ့လည်း နောက်ပိုင်းတွင် စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ ၃-၀ ဖြင့် အရှုံးပေးခြင်းခံခဲ့ရပါတယ်။

image