အာဆီယံအတွင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိုဆွေးနွေးရန် မြန်မာနိုင်ငံခြားရေးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံ

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ နှင့် ဇူလိုင် ၁၁ ရက်က ဗန်ကောက်မြို့၌တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဥ် မြန်မာ-ထိုင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
MOFA ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေသည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သဘောအစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်

image