2 ပတ် - ဘာသာပြန်ပါ။

MOFA ပြည်ထောင်စုဝန်ကြီးက အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၊ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး-၂ တို့နှင့်သီးခြားစီတွေ့ဆုံ

အာဆီယံတွင် မြန်မာနိုင်ငံ၏ မူလနေရာပြန်လည်ရရှိရေး အပြုသဘောပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေသည် ဇူလိုင် ၁၂ ရက်က အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာ ပရဲညို လာဇာရို၊ ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး-၂ ဒါတို ဆရီ ဆတီယာ ဟာဂျီ အယ်ရီဝမ် ဘင် ပီဟင် ဒါတူ ပီကာမာ ဂျာယာ ဟာဂျီ မိုဟာမက် ယူဆွတ် တို့နှင့်သီးခြားစီတွေ့ဆုံခဲ့သည်။
ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကြား အလွတ်သဘောအစည်းအဝေးတက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေစဥ် ၎င်းတို့နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဥ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် အာဆီယံတွင် မြန်မာနိုင်ငံ၏မူလနေရာပြန်လည်ရရှိရေးအတွက် အပြုသဘောပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။

image