ဂျာမနီနည်းပြရာထူးအား လက်ခံရယူရန် သဘောတူညီမှု ရရှိလာတဲ့ ဂျာဂင်ကလော့ပ်
=====================

ဂျာဂင်ကလော့ပ်ဟာ ဂျာမနီအသင်းနည်းပြသစ်အဖြစ် တာဝန်ထမ်းဆောင်ရန် သဘောတူညီမှု ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။
လီဗာပူးနည်းပြဟောင်းဟာ သောကြာနေ့တုန်းက နယူးယောက်ခ်တွင် ဂျာမနီဘောလုံးအဖွဲ့ချုပ်မှ စီနီယာအရာရှိတစ်ဦးနှင့် တွေ့ဆုံမှု ပြုလုပ်ခဲ့ပါတယ်။
ကလော့ပ်နှင့် ဂျာမန်ဘောလုံးအဖွဲချုပ်တို့ဟာ လာမဲ့အပတ်တွင် ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်လာပါမယ်။ ဒါ့အပြင် ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ ကလော့ပ် လက်ရှိ ဘောလုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရက်ဘူးလ်နှင့်လည်း သဘောတူညီမှု ရရှိရေး ကြိုးပမ်းရပါဦးမယ်။
ဒါပေမဲ့ ကလော့ပ်နှင့် ဂျာမနီဘောလုံးအဖွဲ့ချုပ်အကြား သဘောတူညီမှု ရရှိလာမှုနှင့်အတူ ရက်ဘူးလ်နှင့် သဘောတူညီမှုရရှိရေးမှာ အချိန်အတိုင်းအတာတစ်ခုမျှသာ အချိန်ယူရန် လိုအပ်ပါတော့တယ်။
လီဗာပူးနှင့်ဒေါ့မွန်နည်းပြဟောင်းကလော့ပ်ဟာ ဂျာမနီအသင်းကို ၄ နှစ်စာချုပ်ဖြင့် ကိုင်တွယ်လာဖို့ ရှိနေပါတယ်။
ကလော့ပ်ဟာ လီဗာပူးကို ၉ နှစ်ကြာ ကိုင်တွယ်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ထွက်ခွာကာ ရက်ဘူးလ်တွင် ဘောလုံးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်လာခဲ့တာလည်း ဖြစ်ပါတယ်။

image