ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်စွမ်းပြခဲ့တဲ့ ကိတ်ဗာဒီသူရဲကောင်းဂိုးသမားဗိုဇင်ညာအား အသစ်တွေ့ရှိတဲ့ မျိုးစိတ်သစ်အမည်ပေး ဂုဏ်ပြုခံလာရ
======================
ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်စွမ်းပြကစားနိုင်မှုကြောင့် တစ်ကမ္ဘာ့လုံးရဲ့ လက်ခုပ်သံ ပိုင်ဆိုင်ခဲ့တဲ့ ကိတ်ဗာဒီသူရဲကောင်းဗိုဇင်ညာဟာ အသစ်တွေ့ရှိတဲ့ ပင်လယ်ခရုမျိုးစိတ်သစ် အမည်ပေးကာ ဂုဏ်ပြုခံလာရပါတယ်။
ဇီဝပညာရှင် ဂျီးဆပ်စ်အော်တီယာဟာ ကာရေဘီယံတွင် အနီရောင်ခရုငယ်လေး မျိုးစိတ်သစ် တွေ့ရှိခဲ့တာ ဖြစ်ပြီး ယင်းမျိုးစိတ်သစ်အမည်အား အသက် ၄၀ နှစ်ရှိ ကိတ်ဗာဒီသူရဲကောင်းအမည်ပေးကာ ဂုဏ်ပြုလာတာပါ။
ယခုအခါ ယင်းခရုမျိုးစိတ်အမည်ကို Aldisa vozinha လို့ ခေါ်ဝေါ်လာပါတယ်။
ကိတ်ဗာဒီဟာ ကမ္ဘာ့ဖလားသမိုင်းတွင် ဒုတိယလူဦးရေအနည်းဆုံးနိုင်ငံအဖြစ် ယှဉ်ပြိုင်ခွင့် ရှရိခဲ့ပေမဲ့ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ကာ ၃၂ သင်းအဆင့်တွင် အာဂျင်တီးနားကို ၃-၂ ဖြင့် ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။
ဗိုဇင်ညာဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် ယူရိုချန်ပီယံ စပိန်နှင့်ပွဲစဉ်တွင် ဂိုးမရှိသရေကျအောင် လက်စွမ်းပြကစားပြီးနောက် နာမည်ကျော်ကြားလာခဲ့တာပါ။
ဗိုဇင်ညာဟာ ယခင်တုန်းက အင်စတာဂရမ်တွင် ဖော်လိုဝါ ၅၀၀၀၀ ဝန်းကျင်သာ ပိုင်ဆိုင်ခဲ့ပေမဲ့ စပိန်နှင့်ပွဲတွင် လက်စွမ်းပြနိုင်ပြီးနောက် ဖော်လိုဝါ ၁၇.၄ သန်းအထိ ပိုင်ဆိုင်လာကာ နေ့ချင်းညချင်းကျော်ကြားလာခဲ့ပါတယ်။
ပရော်ဖက်ဆာအော်တီယာဟာ အိုဒီဒိုတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခတစ်ဦးဖြစ်ပြီး ကိတ်ဗာဒီအနီးရှိ ပင်လယ်ပြင်တွင် လုပ်ဆောင်မှုများအတွက် ၂၀၂၃ ခုနှစ်တုန်းက ကိတ်ဗာဒီအစိုးရရဲ့ Medal of Merit ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
အသက် ၇၅ နှစ်ရှိ ဘောလုံးပရိသတ်ဟာ ယခင်တုန်းက ကော့စတာရီကာတွင် ရှာဖွေတွေ့ရှိမှုအသစ်တစ်ခုအား ရီးရဲလ်မက်ဒရစ်နှင့် ပီအက်စ်ဂျီဂိုးသမားဟောင်းကေလာနာဗက်စ်အမည်ပေးခဲ့ဖူးသလို စပိန်ကလပ် ဂီဂျွန်အမည်ကိုလည်း သတ္တဝါမျိုးစိတ်သစ်တစ်ခုအမည်ပေးခဲ့ဖူးပါတယ်။