အင်္ဂလန်နှင့် နော်ဝေပွဲ ပထမပိုင်းအပြီးတွင် ဗြိတိန်ပေါ့ပ်စတား ဖျော်ဖြေလာမည်
==================

ပေါ့ပ်စတားအယ်လီဂိုးလ်ဒင်းဟာ အင်္ဂလန်ရဲ့ နော်ဝေနှင့် ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ဖျော်ဖြေလာပါမယ်။
အင်္ဂလန်ဟာ စနေနေနေ့တွင် မိုင်ယာမီရှိ Hard Rock Stadium တွင် အာလင်းဟာဟန်းရဲ့ နော်ဝေနှင့် ရင်ဆိုင်ကစားရပါမယ်။
အသက် ၃၉ နှစ်ရှိ ဂိုးလ်ဒင်းဟာ ပထမပိုင်းအပြီးတွင် ပရိသတ် ၆၅၃၂၆ ရှေ့မှောက်မှာ သီချင်းသီဆိုဖျော်ဖြေသွားပါမယ်။
ပေါပ်စတားက အထက်ပါ သတင်းအား ၂၀၁၂ ခုနှစ်တုန်းက သူမရဲ့ နာမည်ကျော်ခဲ့တဲ့ သီချင်း “Anything Could Happen” ကို ရည်ရွယ်ပြီး "အင်္ဂလန်-နော်ဝေပွဲ ပထမပိုင်းမှာ ဖျော်ဖြေခွင့်ရလာတဲ့အတွက် ဘာမဆို ဖြစ်လာနိုင်တယ်လို့ ခံစားမိတယ်။ ကောင်လေးတွေ အင်္ဂလန်ကို ဂုဏ်ယူရအောင် လုပ်လာမှာပါ။ it’s coming home"လို့ ပို့စ်တင်သွားပါတယ်။
ဂိုးလ်ဒင်းဟာ အဒဲလ်နှင့်အတူ ရောင်းအားကောင်းဆုံးနံပါတ်တစ်အယ်ဘတ်အများဆုံး ပိုင်ဆိုင်သူအဖြစ် ပူးတွဲ စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။
သူမရဲ့ သီချင်း ၁၄ ပုဒ်က Billboard Hot 100 စာရင်းတွင် ဝင်ရောက်ကာ စံချိန်တင်ထားပါသေးတယ်။
ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် Super Bowl ကဲ့သို့ ပထမပိုင်းအပြီး ဖျော်ဖြေပွဲများ ထည့်သင်းထားပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲပထမပိုင်းအပြီးတွင်လည်း ဂျပ်စတင်ဘီဘာ၊ ရှာကီရာ၊ ဘီတီအက်စ်၊ ဘန်နာဘွိုင်းတို့ ဖျော်ဖြေလာကြပါမယ်။

image