1 ရက် - ဘာသာပြန်ပါ။

အင်ဒရေဆန်းတို့စ်အား ပေါင်သန်း ၅၀ ပေးပြီး ခေါ်ယူလာတဲ့ ယူနိုက်တက်အပေါ် မေးခွန်းထုတ်လာတဲ့ ယူနိုက်တက်ဂန္ထဝင်
======================

ယူနိုက်တက်ဂန္ထဝင်နစ်ကီဘတ်ဟာ အင်ဒရေဆန်းတို့စ်အား ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူလာတဲ့ ယူနိုက်တက်ရဲ့ လုပ်ဆောင်မှုကို မေးခွန်းထုတ်လာပြီး ဘရာဇီးကွင်းလယ်ကစားသမားမှာ ၁၀ ပွဲမျှသာ ကစားထားရသေးသူ ဖြစ်ကြောင်းလည်း ဆိုလာပါတယ်။
ယူနိုက်တက်ဟာ ဘရာဇီးကွင်းလယ်ကစားသမားအင်ဒရေဆန်းတို့စ်အား ပေါင် ၄၈ သန်းအပြင် ပေါင် ၂ သန်းထပ်မံပေးရမဲ့အချက်ဖြင့် ချဲလ်ဆီးမှ ခေါ်ယူရန် သဘောတူညီမှု ရရှိထားပါတယ်။
အသက် ၂၂ နှစ်ရှိ ဆန်းတို့စ်ဟာ Box-to Box ကွင်းလယ်ကစားသမားမျိုး ဖြစ်ပြီး ယူနိုက်တက်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီးဖြစ်ကာ ဆေးစစ်ဆေးမှုခံယူရန် ချဲလ်ဆီးရဲ့ ခွင့်ပြုချက် ရရှိထားပြီးလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးနှင့် ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဆန်းတို့စ်ဟာ ကလပ်အများအပြားတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမဲ့လည်း ယူနိုက်တက်က ခေါ်ယူခွင့် ရရှိသွားခဲ့တာပါ။
ဒါပေမဲ့ ဂန္ထဝင်ကစားသမားနစ်ကီဘတ်က "တကယ်လို့ သူ့ကို ပေါင် ၂၅ သန်း ပေါင်သန်း ၃၀ လောက်နဲ့ ခေါ်ယူခဲ့တယ်ဆိုရင် နားလည်ပေးလို့ ရသေးတယ်။ ယူနိုက်တက်က အသင်းတစ်သင်းတည်ဆောက်ဖို့ လိုနေတာပါ။ ဒါကိုလည်း ကျွန်တော် အကြိမ်အနည်းငယ် ပြောခဲ့ပြီး ဖြစ်ပါတယ်။ ကွင်းထဲမှာသာ မဟုတ်ပါဘူး၊ အရန်ခုံမှာလည်း ကစားသမားကောင်းတွေ ရှိရပါမယ်။ ဒါပေမဲ့ ပေါင်သန်း ၅၀ဖြင့် ခေါ်ယူလာတာဆိုတော့ အရန်ခုံမှာ ထိုင်ခိုင်းထားဖို့ မဟုတ်တော့ဘဲ ပွဲထွက်ကစားဖို့ ခေါ်လာတာ ဖြစ်ပါတယ်။ သူကစားတာ အနည်းငယ် ကြည့်ဖူးတယ်။ ဒါပေမဲ့ အားလုံးထက် ထူးကဲပြီး ကစားပြနိုင်တာမျိုး မဟုတ်ပါဘူး။ 'မိုက်လိုက်တာ၊ ဘောလုံးကစားတာ ကောင်းသလို အင်ပြည့်အားပြည့်နဲ့ ကစားတယ်'လို့ ဖြစ်သွားတဲ့ သူမျိုး မဟုတ်ဘူး။ ဝါးတားတား ခြေစွမ်းမျိုးပါ။ ကစားသမားခေါ်ယူရေးအဖွဲ့က ဒီကောင်လေးက နောက်ထပ်စတားဖြစ်လာမဲ့သူ၊ အမြန်ပေါင်သန်း ၅၀ ပေးလိုက်၊ သူ့အတွက် တဆုံးပေးလိုက်"လို့ ပြောတာလား မသိဘူး"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် နစ်ကီဘတ်ဟာ ဆန်းတို့စ်မှာ ပြောင်းရွှေ့ကြေးမြင့်မားစွာပေးရပေမဲ့လည်း ပရီးမီးယားလိဂ်အတွေ့အကြုံနည်းပါးသူ ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဆက်လက်ပြီး ၎င်းက "သူက အဆင့် ၁၀ နဲ့ ဇာတ်သိမ်းခဲ့တဲ့ ချဲလ်ဆီးအတွက် ၁၃ ပွဲတည်းပဲ ပွဲထွက်ခွင့်ရခဲ့တယ်။ ဒီတော့ ကစားသမားကောင်းခေါ်ယူလိုက်နိုင်တယ်လို့ မပြောနိုင်ဘူး။ ကျွန်တော် မှားလာဖို့ မျှော်လင့်တယ်။ ကြီးကျယ်တဲ့ ကစားသမားတစ်ဦး ဖြစ်လာဖို့‌‌ မျှော်လင့်တယ်။ ကျွန်တော်တို့ ထင်ထားတာ ဘာမှ မဖြစ်လာဖို့ မျှော်လင့်တယ်။ ဒါပေမဲ့ အခြားကလပ်တွေကို ထွက်သွားတဲ့ သူတွေကို ကြည့်လိုက်ပါ။ အီးလီးယော့အင်ဒါဆင်၊ မားတီးယပ်စ်ဖာနန်ဒက်စ်၊ ဆန်ဒရိုတိုနာလီတို့က ပရီးမီးယားလိဂ်မှာ အရေးပါတဲ့ ကစားသမားတွေပါ။ သူတိ့က ဒီလိဂ်မှာ ၁၀ နှစ်လောက် ကစားလာသလို ကစားပြနေတဲ့သူတွေ ဖြစ်ကြတယ်။ ဒီကောင်လေးက ၁၀ ပွဲတည်းပဲ ကစားလာတာ။ ဒါက ထူးဆန်းတယ်။ 'ဘယ်လောက် ခေါ်ယူမှုလဲ၊ ဒီ ခေါ်ယူမှုအတွက် အရမ်းပျော်တယ်'လို့ ပြောလာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

image