အာဆီယံ-ရုရှားဆက်ဆံရေး(၃၅) နှစ်ပြည့် အထိမ်းအမှတ်ပွဲသို့ မြန်မာသံအမတ်ကြီး တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းသည် ဇူလိုင် ၉ ရက်တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံအ မတ်ကြီး Mr. Anatoly Borovik၏ နေ အိမ်၌ကျင်းပသည့် အာဆီယံ-ရုရှားဆက် ဆံရေး (၃၅)နှစ်ပြည့် အထိမ်းအမှတ် ဧည့် ခံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဧည့်ခံပွဲတွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးဖြစ်သူ ဒုတိယဝန်ကြီး Mr. Kung Phoak၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့် သည်တော်များလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

image