ဝါခေါင်လပြည့်နေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်းပေါင်း(၈၄,၀၀၀)ဖြင့်ပူဇော်မည်
လာမည့် သြဂုတ် ၂၈ ရက်(ဝါခေါင်လပြည့်နေ့)၌ ရွှေတိ ဂုံစေတီတော်မြတ်ကြီးအား ပန်းပေါင်း(၈၄,၀၀၀)ဖြင့်ပူ ဇော်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများအဖြစ် ဇူလိုင် ၂၉ ရက်(ဝါဆိုလပြည့်နေ့)တွင် ဓမ္မစကြာအခါတော်နေ့အ ခမ်းအနားနှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲတို့ကိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သြဂုတ် ၂၈ ရက်(ဝါခေါင်လပြည့်နေ့)တွင်လည်း မေတ္တာအခါတော်နေ့အခမ်းအနားကိုဆင်ယင်ကျင်းပပြီး ပန်းပေါင်း(၈၄,၀၀၀)ဖြင့်ပူဇော်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၆ ရက်(တော်သလင်းလပြည့်နေ့) တွင် ဂရုဓမ္မအခါတော်နေ့အခမ်းအနားတို့ကိုဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ အောက်တိုဘာ ၂၅ ရက်(သီတင်းကျွတ်အ ဖိတ်နေ့)တွင် သီတင်းကျွတ်မီးထွန်းပွဲတော်၊ အောက်တို ဘာ ၂၆ ရက်(သီတင်းကျွတ်လပြည့်နေ့)တွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားများကိုလည်းဆင်ယင်ကျင်း ပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက်ဥပုသ်နေ့များတွင် ရွှေတိ ဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဩဝါဒါ စရိယဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများကိုလည်းစီစဉ်ထားကြောင်း သိရသည်။