ချင်းတွင်းမြစ်ရေ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိရန်နီးကပ်လာ
စစ်ကိုင်းတိုင်းရှိ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိရန်နီးကပ်လာနေကြောင်း သိရသည်။
ခန္တီးမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေသည် ယနေ့ ဇူလိုင် ၁၀ ရက်တိုင်းထွာချက်အရ မြို့၏စိုးရိမ်ရေမှတ်ဖြစ်သော(၁,၃၆၀)စီတီမီတာအောက် (၁,၂၂၉)စင်တီမီတာသို့ရောက်ရှိနေကြောင်း သိရသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၏စိုးရိမ်ရေမှတ်ဖြစ်သော (၂,၉၀၀)စင်တီမီတာအောက် (၂,၈၂၉)စင်တီမီတာသို့ရောက်ရှိနေပြီး ဆက်လက်မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ချင်းတွင်းမြစ်ရေဆက်လက်မြင့်တက်လာနိုင်သဖြင့် ဒေသထံများအနေဖြင့် အချိန်မီသတိပြုရှောင်ရှားနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများ Stop Alarm အနေဖြင့်သတိပြုနေထိုင်ကြရန် လိုက်လံသတိ ပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။