လိဒ်မှ ထွက်ခွာလာတဲ့ မယ်စလီယာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာမဲ့ အာဆင်နယ်
=====================

အာဆင်နယ်ဟာ လိဒ်မှ ထွက်ခွာလာခဲ့တဲ့ အယ်လန်မယ်စလီယာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာတော့မှာ ဖြစ်ပါတယ်။
ဇွန်လ ၃၀ ရက်နေ့တုန်းက လိဒ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ မယ်စလီယာဟာ အာဆင်နယ်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုများ ရရှိထားပြီးဖြစ်ကာ မကြာမီ အပြောင်းအရွှေ့အပြီးသတ်လာပါမယ်။
မယ်စလီယာနှင့် အေးဂျင့်တို့ဟာ အင်္ဂါနေ့တုန်းက ဟတ်ဖို့ဒ်ရှိုင်းယားရှိ အာဆင်နယ်ရဲ့လေကျင့်ရေးကွင်းသို့ ရောက်လာကာ အပြောင်းအရွှေ့အပြီးသတ်ရေး ဆွေးနွေးခဲ့ကြသလို ဆေးစစ်ဆေးမှုလည်း ခံယူခဲ့ပါတယ်။
အသက် ၂၆ နှစ်ရှိ ဂိုးသမားဟာ လိဒ်တွင် နံပါတ်တစ်ဂိုးသမားနေရာ ဆုံးရှုံးပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာခဲ့တာပါ။
မယ်စလီယာဟာ အာဆင်နယ်တွင် ဒေးဗစ်ယာရာ၊ အာရီဇာဘာလာဂါတို့နောက် တတိယဦးစားပေးးဂိုးသမားအဖြစ် ကစားရပါမယ်။
တကယ်လို့များ အာရီဇာဘာလာဂါသာ ထွက်ခွာလာပါက မယ်စလီယာမှာ ဒုတိယဦးစားပေးဂိုးသမားဖြစ်လာပါမယ်။
တဖက်တွင် မယ်စလီယာ ရောက်လာမှုနှင့်အတူ ဆယ်ကျော်သက်ဂိုးသမားတွမ်မီဆက်ဖို့ဒ်မှာ အငှားဖြင့် ထွက်ခွာလာဖို့ သေချာနေပါတယ်။

image