ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရပြီးနောက် ဘရာဇီးရဲ့ အိမ်ပြန်ခရီးတွင် လေယာဉ်ပေါ်တွင် ကစားသမားတစ်ဦးတည်းသာ ပြန်လိုက်ပါသွားခဲ့
=====================

ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် နော်ဝေကို ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရပြီးနောက် ဘရာဇီးအသင်းရဲ့ အိမ်ပြန်လေယာဉ်ခရီးတွင် ကစားသမားတစ်ဦးတည်းသာ လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ တနင်္ဂနွေနေ့တုန်းက နော်ဝေကို မထင်မှတ်ဘဲ ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခွာရပြီးနောက် နယူးဂျာစီမှ ရီယိုဒီဂျနဲလ်ရိုးသို့ စင်းလုံးငှား လေယာဉ်ဖြင့် ခရီးရှည်နှင်ခဲ့ပါတယ်။
ဒါပေမဲ့ ဘရာဇီးမီဒီယာများရဲ့ဖော်ပြမှုအရ ကစားသမားတစ်ဦးတည်းသာ လေယာဉ်ပေါ်တွင် ပြန်လည်လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။
မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်နောက်ခံလူဟောင်းဒါနီလို တစ်ဦးတည်းသာ အိမ်ပြန်ခရီးတွင် လိုက်ပါလာခဲ့ပါတယ်။
ဒါနီလိုဟာ လေ့ကျင့်ရေးဂိုးသမားလီယိုနန်နက်တီအပါအဝင် နည်းပြအဖွဲ့ဝင်များ၊ ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များ၊ လုံခြုံရေးဝန်ထမ်းများနှင့်အတူ လိုက်ပါလာခဲ့ပါတယ်။
ကျန်ဘရာဇီးအသင်းသားတို့မှာ အပန်းဖြေခရီးထွက်ရန်အတွက် ကျန်ရစ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ကျန်ကစားသမားတို့ဟာ အမေရိကန်တွင် ကျန်ရစ်ခြင်း (သို့မဟုတ်) အခြားနိုင်ငံသို့ ခရီးသွားခြင်းတို့ ပြုလုပ်လာကြတာပါ။
အန်ဆယ်လော့တီမှာ ဇနီးသည် ကနေဒါသူ ရှိရာ ဗန်ကူးဗားသို့ ထွက်ခွာသွားခဲ့ပါတယ်။
ဘရာဇီးပရိသတ်များဟာ နော်ဝေကို ရှုံးနိမ့်ပြီးနောက် အန်ဆယ်လော့တီကို ထုတ်ပယ်ရန် တောင်းဆိုမှုများ ရှိနေပါတယ်။
ဒါပေမဲ့ အန်ဆယ်လော့တီက ရာထူးမှ ထွက်ခွာမည်မဟုတ်ဘဲ ဆက်လက် ကိုင်တွယ်သွားမယ်လို့ ဆိုထားသလို ဘရာဇီးဘောလုံးအဖွဲ့ချုပ်ကလည်း သူ့အပေါ် ဆက်လက် ယုံကြည်မှု ရှိနေပါတယ်။

image