ဖီဖာရဲ့ ဘာလိုဂန် ပွဲပယ်အပေါ် ယူအီးအက်ဖ်အေ ဝေဖန်လာ
====================
ယူအီးအက်ဖ်အေဟာ ဖိုလာရန်ဘာလိုဂန်ရဲ့ အလိုအလျှောက် ၁ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်လာတဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်မှာ မကြုံစဖူး နားမလည်နိုင်စရာ ဖြစ်သလို တရားမျှတမှုလည်း မရှိကြောင်း အပြင်းအထန်ဝေဖန်လာပါတယ်။
အမေရိကန်တိုက်စစ်မှူးဖာလိုဂန်ဟာ ဘော့စနီးယားနှင့်ပွဲတွင် အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် ဘယ်လ်ဂျီယံနှင့် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အား အလိုအလျှောက်ပွဲပယ်ပြစ်ဏ်ကျခံရပါမယ်။
ဒါပေမဲ့ ဖီဖာက အသက် ၂၅ နှစ်ရှိ တိုက်စစ်မှူးရဲ့ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် အံ့ဩသင့်ဖွယ် ပြောင်းလဲ ချမှတ်လာမှုနှင့်အတူ ဘယ်လ်ဂျီယံနှင့်ပွဲတွင် ပါဝင်ကစားလာနိုင်ပါမယ်။
ယူအီးအက်ဖ်အေက ဖီဖာရဲ့ ပြိုင်ပွဲတစ်ခုအတွင်း ပွဲပယ်ပြစ်ဒဏ်ကို ဆိုင်းငံ့ထားမှုက အနီရောင်စည်းကို ကျော်ဖြတ်လုပ်ဆောင်လာခြင်းဖြစ်ကြောင်းလည်း ဝေဖန်သွားပါတယ်။
ကမ္ဘာဖ့လားပြိုင်ပွဲတစ်လျှောက် အခြားအနီကတ် ၁၈၈ ကြိမ်တို့တွင် တစ်ဦးတည်းသာ ပွဲပယ်ပြစ်ဒဏ်ကျခံရမဲ့အရေးမှ လွတ်မြောက်ခဲ့ဖူးပါတယ်။
၁၉၆၂ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးရဲ့ ဂါရန်ချာမှာ အလိုအလျှောက်ပွဲပယ်ပြစ်ဒဏ်ကျခံခြင်းမရှိမီ နိုင်ငံရေးကြားဝင်စွက်ဖက်မှုကြောင့် လွတ်မြောက်ခဲ့တာပါ။
အမေရိကန်မီဒီယာများရဲ့ဖော်ပြမှုအရ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ ကြာသပတေးနေ့တုန်းက ဖီဖာဥက္ကဌအင်ဖန်တီနိုထံသို့ ဖုန်းဆက်သွယ်ပြီး ဘာလိုဂန် ပွဲပယ်ခံရမှုနှင့်ပတ်သက်ပြီး ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
တနင်္ဂနွေနေ့မှာတော့ ဒေါ်နယ်ထရမ့်က ဘာလိုဂန်ရဲ့ ပွဲပယ်အား ဆိုင်းငံ့ပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်လာမှုအတွက် ဖီဖာအား ကျေးဇူးတင်ကြောင်း ပို့စ်တင်သွားပါတယ်။
ဖီဖာဥက္ကဌဟောင်းဆပ်ဘလတ္တာက ဘောလုံးမှာ နိုင်ငံရေးပါဝါအတွက် ကစားကွင်း မဖြစ်သင့်ကြောင်း ပို့စ်ရေးသားကာ ဝေဖန်သွားပါသေးတယ်