တိုနာလီအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် စပါးစ် ခေါ်ယူလာ
====================

စပါးစ်ဟာ နယူးကာဆယ်ကွင်းလယ်ကစားသမားဆန်ဒရိုတိုနာလီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဖြင့် ခေါ်ယူရေး အပြီးသတ်လာပြီ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ နယူးကာဆယ်တွင် သုံးရာသီကြာ ကစားပြီးနောက် လန်ဒန်အခြေစိုက်ကလပ်သို့ ပြောင်းလာတာလည်း ဖြစ်ပါတယ်။
စပါးစ်ဟာ ပေါင်သန်း ၈၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းမှု ပယ်ချခြင်းခံရပြီးနောက် ပေါင် ၉၂.၅ သန်းအပြင် ပေါင် ၇.၅ သန်းထပ်မံပေးမဲ့အချက်ဖြင့် သဘောတူညီမှု ရခဲ့တာလည်း ဖြစ်ပါတယ်။
စပါးစ်ဟာ ဝက်စ်ဟမ်းမှ ပေါ်တူဂီကွင်းလယ်ကစားသမားမားတီးယပ်စ်ဖာနန်ဒက်စ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့် ခေါ်ယူပြီးနောက် ရက်အနည်းငယ်အကြာတွင်ပင် ဆန်ဒရိုတိုနာလီအား ခေါ်ယူကာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ထပ်မံသုံးလာတာ ဖြစ်ပါတယ်။
အီတလီလက်ရွေးစင်တိုနာလီဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လတုန်းက အေစီမီလန်မှ နယူးကာဆယ်သို့ ပေါင် ၅၅ သန်းဖြင့် ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ နယူးကာဆယ်သို့ ရောက်ပြီး မကြာမီမှာပင် လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့ ၁၀ လကြာ ပွဲကစားခွင့်ပိတ်ပင်မှုနှင့် ကြုံခဲ့ရပါတယ်။
ဒါပေမဲ့ သူဟာ နယူးကာဆယ်အတွက် ပြန်လည်ကစားလာနိုင်ချိန်မှာတော့ နှစ်ပေါင်း ၇၀ အတွင်း ပထမဆုံးဆုဖလားအဖြစ် ခါရာဘောင်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
စပါးစ်ရဲ့အီတလီလူမျိုးနည်းပြရောဘတ်တိုဒီဇာဘီဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ခန့်တုန်းက ဆက်စ်ဆူလိုအား ကိုင်တွယ်စဉ်ကတည်းက တိုနာလီကို ခေါ်ယူရေး ကြိုးပမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။
စပါးစ်ဟာ ယခုနွေရာသီတွင် နောက်ခံလူများဖြစ်ကြတဲ့ အင်ဒီရောဘတ်ဆင်နှင့် မားကို့စ်ဆီနီဆီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသလို ဂျန်ပေါလ်ဗန်ဟက်ကီကိုလည်း ပေါင် ၅၂ သန်းဖြင့် ခေါ်ယူထားပါတယ်။
စပါးစ်ဟာ ယခုနွေရာသီတွင် အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၂၃၇ သန်းအထိ အသုံးပြုထားပြီး ဖြစ်ပါတယ်။
တိုနာလီဟာ စပါးစ်တွင် ကျောနံပါတ် ၁၆ ကို ဝတ်ဆင်ကစားလာပါမယ်။

image