NSPNC နှင့် KNU/KNLA-PC တို့တွေ့ဆုံစဥ် NCA ကိုဆက်လက်အကောင်အထည်ဖော်ပြီး ဒေသတွင်းတိုက် ပွဲများမဖြစ်အောင် တစ်စိုက်မတ်မတ်ကြိုးပမ်းဆောင် ရွက်ရန်ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသားအ စည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ ဇူ လိုင် ၆ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြသည်။
NCA ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီးရာပြည့်က KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့အနေဖြင့် ဒေသတွင်းတည် ငြိမ်အေးချမ်းရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးအတွက်ပေါင်းစပ်ဆောင်ရွက်ပေးစေလိုသည်ဟု ပြောကြားခဲ့သည်။
ထို့အတူ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒု-ဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးကလည်း ရိုးသားဖြူစင်စွာဖြင့်ငြိမ်းချမ်းရေးအားဆောင်ရွက်ပါက လွယ်ကူနိုင်မည်ဖြစ်ပြီး ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်တာဝန်ရှိသူများက NCA ကိုဆက် လက်အကောင်အထည်ဖော်ပြီး ဒေသတွင်းတိုက်ပွဲများ မဖြစ်အောင်တစ်စိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးနှင့် ပညာရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရမှပံ့ပိုးပေးရေး၊ ထော့ကိုကိုးဒေသအတွက် လိုအပ်ချက်များကို နိုင်ငံ တော်အစိုးရမှထောက်ပံ့ပေးရေး၊ လမ်းပန်းဆက်သွယ် ရေးနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ချောမွေ့စေရေး၊ နယ် မြေတည်ငြိမ်အေးချမ်းရေးအတွက်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။
ထို့အတူ NSPNC ၏ အတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနိုင်က နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပဋိပ က္ခများလျှော့ချရေးနှင့် တည်ငြိမ်အေးချမ်းရေးမှတစ် ဆင့် ငြိမ်းချမ်းရေးရရှိရေးလုပ်ငန်းစဉ်များကို NSPNC မှ အလေးထားဆောင်ရွက်လျက်ရှိမှု၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများ၊ NCA လမ်းကြောင်းမှ သွေဖည်သွားသည့်အ ဖွဲ့များ၊ NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကောင်အထည်ဖော်ဆောင်ရွက်မည့်ကိစ္စများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ ဒေသတွင်းပဋိပက္ခများမဖြစ်ပွားစေရေးအ တွက် လက်အောက်ခံအဖွဲ့များအား စနစ်တကျထိန်း သိမ်းပေးရေး၊ Bilateral တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်း ချမ်းရေးအတွက် အပြုသဘောဆောင်သည့်နည်းလမ်း များရှာဖွေနိုင်ရေးတို့ကိုလည်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်တာဝန်ရှိသူများက နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး လက် မှတ်ရေးထိုးအတည်ပြုခဲ့ကြသည်။

image