အယ်ချီတိုက်စစ်မှူးရိုဒရီဂွက်ဇ်ကို ပေါင် ၂၂.၅ သန်းဖြင့် ခေါ်ယူရန် ဘုန်းမောက် သဘောတူညီမှု ရရှိ
====================

ဘုန်းမောက်ဟာ အယ်ချီတိုက်စစ်မှူးအယ်ဗာရိုရိုဒရီဂွက်ဇ်အား ပြောင်းရွှေ့ကြေး ပေါင် ၂၁.၄ သန်း (အပိုဆုကြေးကြောင့် ပေါင် ၂၅.၇ သန်းအထိ မြင့်တက်လာနိုင်)ဖြင့် သဘောတူညီမှု ရရှိလာပါတယ်။
အသက် ၂၁ နှစ်ရှိ တိုက်စစ်မှူးဟာ ဆေးစစ်ဆေးမှု ခံယူပြီးပါက တနင်္လာနေ့တွင် ဘုန်းမောက်သို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာပါမယ်။
ဥရုဂွေးလူငယ်လက်ရွေးစင်တိုက်စစ်မှူးရဲ့ ပြောင်းရွှေ့ကြေးမှ ၅၀ ရာခိုင်နှုန်းကို ရီးရဲလ်မက်ဒရစ်က ရရှိလာပါမယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နွေတုန်းက ရိုဒရီဂွက်ဇ်အား အယ်ချီသို့ ရောင်းချစဉ်တုန်းက ထပ်ဆင့် ရောင်းချလာချိန်တွင် ပြောင်းရွှေ့ကြေးရဲ့ ၅၀ ရာခိုင်နှုန်းကို ခံစားခွင့် ရရှိမဲ့အချက်အား အရောင်းစာချုပ်မှာ ထည့်သွင်းချုပ်ဆိုထားခဲ့တာပါ။
ဘုန်းမောက်ဟာ လာမဲ့ရာသီတွင် ယူရိုပါလိဂ်ဝင်ခွင့် ရရှိထားရာ အသင်းကို အားဖြည့်မှုများ ပြုလုပ်ရန် လုပ်ဆောင်နေပါတယ်။
အန်ဒိုနီအိုင်ရာအိုလာရဲ့နေရာကို ဆက်ခံတဲ့ ဒေါ့မွန်နှင့် လိုက်ဇစ်နည်းပြဟောင်းမာကိုရို့စ်ဟာ ယခုနွေရာသီတွင် တိုက်စစ်မှူးတစ်ဦးနှင့် ဘယ်ခြမ်းဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူရန် ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ဘုန်းမောက်ဟာ တူရကီတိုက်စစ်မှူးအီနက်စ်အူနယ်အား သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိလာပါက ရောင်းချလာပါမယ်။
ဒါ့အပြင် ဘုန်းမောက်ဟာ အာဆင်နယ်၊ မန်စီးတီး၊ ယူနိုက်တက်တို့ ပစ်မှတ်ထားနေတဲ့ အလယ်တန်းကစားသမားအဲလက်စ်စကော့ကိုလည်း ပေါင်သန်း ၈၀ ဝန်းကျင်ဖြင့် ရောင်းချလာပါမယ်။
စပိန်ယူ-၁၈ အတွက်ရော ဥရုဂွေး ယူ-၂၁ အတွက်ပါ ကစားထားတဲ့ ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အယ်ချီအတွက် လာလီဂါပွဲ ၃၄ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

image