ဗီလာအပါအဝင် ပရီးမီးယားလိဂ်ကလပ် ၄ ခုအား ယူအီးအက်ဖ်အေ ဒဏ်ရိုက်လာ
=====================
ယူအီးအက်ဖ်အေဟာ ၂၀၂၅ ခုနှစ်အတွက် အသင်းအသုံးစရိတ်စည်းမျဉ်းကို ချိုးဖောက်မှုအတွက် ဗီလာအား ယူရို ၂၂.၅ သန်း(ပေါင် ၁၉.၄ သန်း)ဒဏ်ရိုက်လာပါတယ်။
ဒါ့အပြင် ဗီလာဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်တွင် ကစားသမားသစ် ထည့်သွင်းခွင့်လည်း ကန့်သတ်ခြင်းခံလာရဦးမှာ ဖြစ်ပါတယ်။
ဗီလာဟာ ဒဏ်ငွေများမှ ယူရို ၁၅ သန်းကို ဆိုင်းငံ့ချမှတ်ခံရတာ ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် အသင်းအသုံးစရိတ်အချိုးကို လျှော့ချမှု ဆက်လက် လုပ်ဆောင်နိုင်မှုအပေါ် မူတည်ပြီး ကျခံရပါမယ်။
ဗီလာဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းက ယူရို ၁၁ သန်း ဒဏ်ရိုက်ခံခဲ့ရတဲ့အပြင် နောက်သုံးနှစ်အပေါ် မူတည်ပြီး ယူရို ၁၅ သန်း ဒဏ်ရိုက်ခံရပါသေးတယ်။
ဒါ့အပြင် ချဲလ်ဆီးမှာ ယူရို ၃ သန်း(ယူရို ၂ သန်း ဆိုင်းငံ့)၊ နော်တင်ဟမ်ဖောရက်စ်မှာ ယူရို ၂.၅ သန်းနှင့် နယူးကာဆယ်မှာ ယူရို ၃ သန်း အသီးသီး ဒဏ်ရိုက်ခံခဲ့ရပါတယ်။