သက်ငယ်ပြည့်တန်ဆာမှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံနေရတဲ့ အင်တာမီလန်ရဲ့ အလက်ဇန္ဒရိုဘာစတိုနီ
====================
အင်တာမီလန်စတားအလက်ဇန္ဒရိုဘာစတိုနီဟာ သက်ငယ်ပြည့်တန်ဆာမှုဖြင့် အီတလီရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးခြင်းခံနေရပါတယ်။
သူဟာ အသက် ၁၇ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးနှင့် ဆက်ဆံရေး ရှိခဲ့တာလည်း ဖြစ်ပါတယ်။
Gazzetta ရဲ့ ဖော်ပြမှုအရ အီတလီလက်ရွေးစင်ကစားသမားဟာ လာမဲ့ရက်များအတွင်းတွင် စစ်ဆေးမေးမြန်းခြင်းခံလာရမှာ ဖြစ်ကြောင်း သိရပါတယ်။
မီလန်မှ အစိုးရရှေ့နေရုံးဟာ မီလန်ရှိ ပြည့်တန်ဆာအေဂျင်စီအား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။
ယင်းကုမ္ပဏီဟာ ဘောလုံးသမားများ၊ VIP များအတွက် အားလုံး ရရှိနိုင်မဲ့ ပါတီပွဲများ၊ ပွဲများ ပြုလုပ်ပေးတဲ့ ကုမ္ပဏီပါ။
ဘာစတိုနီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်ထားခြင်းခံနေရကြောင်း သတင်းထွက်ပေါ်လာတဲ့ နေ့မှာပင် သက်ငယ်ပြည့်တန်ဆာမှုဖြင့် စစ်ဆေးခြင်းခံနေရကြောင်း သတင်းထွက်လာတာလည်း ဖြစ်ပါတယ်။
ဘာစတိုနီဟာ Ma.De အေဂျင်စီရဲ့ စီစဉ်ပေးမှုအရ အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ်နှင့် လိင်ဆက်ဆံမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
၎င်းတို့ဟာ အေဂျင်စီရဲ့ စီစဉ်ပေးမှုဖြင့် တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။
တဖက်တွင် အမျိုးသမီးငယ်ဘက်က ၎င်းတို့အကြား လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေး မရှိကြောင်း ငြင်းဆိုထားပါတယ်။
ဘာစတိုနီဟာ ယင်းအေဂျင်စီရဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းတစ်ရပ်အနေဖြင့် စစ်ဆေးခြင်းခံလာရမဲ့ ပထမဆုံးဘောလုံးသမားလည်း ဖြစ်ပါတယ်။
ဧပြီလတုန်းက ဘဏ္ဍာရေးဆိုင်ရာရဲတပ်ဖွဲ့များဟာ ခီနီဆယ်လိုဘယ်ဆာမိုရှိ Ma.Da အား စီးနင်းမှု ပြုလုပ်ခဲ့ရာ ၎င်းတို့နှင့် ဆက်စပ် နေတဲ့ အေစီမီလန်၊ အင်တာမီလန်၊ စီးရီးအေနှင့် အခြားအားကစားလောကမှ လူပေါင်း ၇၀ ကျော်တို့နှင့် ချိတ်ဆက်ကာ ပါတီပွဲများ ပြုလုပ်ပေးနေကြောင်း တွေ့ရှိခဲ့ရပါတယ်။
အသက် ၂၇ နှစ်ရှိ ဘာစတိုနီဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်တာမီလန်တွင် ကစားလာသူ ဖြစ်ပြီး အီတလီအတွက် ၂၀၂၀ ခုနှစ်ကတည်းက ကစားခွင့်ရရှိခဲ့ကာ ၄၃ ပွဲကစားထားပါတယ်။