ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်းတို့မှ လုပ်ငန်းထူထောင်မည့်သူ(၁၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့

ရန်ကုန်တိုင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာ နမှကြီးမှူး၍ ကျေးလက်နေမိသားစုဝင်ငွေတိုး ရက် (၁၀၀)စီမံကိန်းဖြင့်ဖွင့်လှစ်ခဲ့သော ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းနှင့် စက်ချုပ်နည်းပညာ သင်တန်းတို့မှ လုပ်ငန်းထူထောင်မည့်သူ(၁၀)ဦးကို လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဒေါက်တာထူးမောင်နှင့် တာဝန်ရှိသူများက ယင်း သင်တန်း(၂)ခုမှ လုပ်ငန်းထူထောင်မည့် သင်တန်းသား/သူ(၁၀)ဦးကို ယနေ့ ဇွန် ၃၀ ရက်နံ နက်ပိုင်းတွင် လုပ်ငန်းသုံးပစ္စည်းများကိုထောက်ပံ့ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်း သား/သူများကိုပေးအပ်သည့် လုပ်ငန်းသုံးပစ္စည်းများအားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

image