ဘောလုံးသမားတစ်ဦးရဲ့ အဆိုးရွားဆုံးဒဏ်ရာရရှိလာတဲ့ အူဂတ်တီ
==================

ယူနိုက်တက်ကွင်းလယ်ကစားသမားမန်နူရယ်အူဂတ်တီက ၎င်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဥရုဂွေးအတွက် ကစားစဉ် ကစားသမားတစ်ဦးအနေဖြင့် ရရှိနိုင်တဲ့ အဆိုးရွားဆုံး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားလာပါတယ်။
အသက် ၂၅ နှစ်ရှိ အူဂတ်တီဟာ သောကြာနေ့တုန်းက ဂွါဒီလာဂျာရာတွင် စပိန်အား ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ဒူးအရွတ်ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
အူဂတ်တီဟာ စပိန်စတားပီဒရီအား တားဆီးရန် ကြိုးပမ်းစဉ် ကစားဖော်နှင့် မတော်တဆထိခိုက်မိပြီးနောက် လူနာတင်ထမ်းစင်ဖြင့် ကွင်းပြင်သို့ ထွက်ခဲ့ရပါတယ်။
အူဂတ်တီဟာ ဥရုဂွေးဆေးအဖွဲ့ရဲ့ စစ်ဆေးမှု ခံယူခဲ့ပြီးနောက် ယခုအခါ မန်ချက်စတာသို့ ထွက်လာကာ နောက်ထပ် စစ်ဆေးမှုများ ခံယူလာပါဦးမယ်။
အူဂတ်တီက ၎င်းမှာ ဘောလုံးသမားတစ်ဦးအနေဖြင့် ရရှိနိုင်တဲ့ အဆိုးရွားဆုံး ဒဏ်ရာရရှိလာခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာမှ သန်မာစွာ ပြန်လာမည်ဖြစ်ကြောင်း ကြုံးဝါးသွားပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီတွင် အူဂတ်တီအား ရောင်းချရန် စီစဉ်ထားတာ ဖြစ်ပြီး ယခုအခါ ဒူးဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူလာရတော့မည်ဖြစ်ရာ အပြောင်းအရွှေ့အစီအစဉ်များကို အပြောင်းအလဲ ပြုလုပ်လာရပြီလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယခုနွေရာသီတွင် ကွင်းလယ်အဖျက်နေရာအတွက် အတ္တလန္တာမှ အီဒါဆင်ကို ပေါင် ၃၆ သန်းဖြင့် ခေါ်ယူထားပြီး ဖြစ်ပေမဲ့လည်း အူဂတ်တီ ဒဏ်ရာရရှိလာမှုနှင့်အတူ နောက်ထပ် ကွင်းလယ်ကစားသမား ၂ ဦးအထိ ခေါ်ယူလာနိုင်ပါတယ်။

image