အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ဖြင့် MSME နှင့် Agro-Based Industries ကဏ္ဍ မြှင့်တင်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်

ကုန်ထုတ်လုပ်မှု တိုးတက်ရေးကသာ နိုင်ငံ၏ စီးပွားရေးခိုင်မာမှုကို အဆုံးအဖြတ်ပေးနိုင်ဟု နိုင်ငံတော်သမ္မတက အလေးပေးပြောကြား
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ အားကောင်းလာစေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအလိုက် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းညွှန်မှာကြားချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက သက်ဆိုင်ရာအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့် မူဝါဒနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ထည့်သွင်းလမ်းညွှန်ခဲ့ကြောင်း သိရသည်။
၁။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် တိုက်ရိုက်ဆက်စပ်နေသဖြင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း။
၂။ နိုင်ငံ၏ သဘာဝသယံဇာတများ၊ လူ့စွမ်းအားအရင်းအမြစ်များနှင့် ဒေသအလိုက် အားသာချက်များကို ထိရောက်စွာ အသုံးချကာ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း။
၃။ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ကို နည်းပညာ၊ ငွေကြေး၊ ဈေးကွက်နှင့် စီမံခန့်ခွဲမှုကဏ္ဍများတွင် ဆက်လက်ပံ့ပိုးမြှင့်တင်ပေးရမည်ဖြစ်ကြောင်း။
၄။ စိုက်ပျိုးရေးထုတ်ကုန်များကို အခြေခံသည့် Agro-Based Industries များ ဖွံ့ဖြိုးလာစေရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း။
၅။ ကုန်ကြမ်းများကိုသာ ရောင်းချခြင်းထက် Value-added ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရေးကို ဦးတည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
၆။ ဒေသထွက်ကုန်များကို အမှတ်တံဆိပ်တန်ဖိုးမြှင့်တင်၍ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များသို့ ထိုးဖောက်တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း။
၇။ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံဖြစ်သဖြင့် ပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာနှင့် ကျွမ်းကျင်လုပ်သားမွေးထုတ်ရေးကို အရှိန်မြှင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
၈။ Town Plan များကို စနစ်တကျရေးဆွဲ၍ မြို့ပြနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ဟန်ချက်ညီညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း။
၉။ အခြေခံအဆောက်အအုံများ တိုးတက်ကောင်းမွန်လာစေရေးနှင့် သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်၊ ရေ၊ ဆက်သွယ်ရေးစနစ်များ ခိုင်မာလာစေရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
၁၀။ စက်မှုကဏ္ဍ၊ လယ်ယာကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများကို အချင်းချင်း ချိတ်ဆက်ဖွံ့ဖြိုးလာစေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း။
၁၁။ ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် ဒေသစီးပွားရေးကို အားကောင်းလာစေရေးအတွက် စီမံချက်များ ချမှတ်အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း။
၁၂။ ပြည်သူများ၏ လူနေမှုဘဝ မြင့်မားလာစေရေးနှင့် နိုင်ငံ၏ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ အချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

image