ရာထူးမှ ထုတ်ပယ်ရေး ပရိသတ်များရဲ့ လက်မှတ်ထိုးတောင်းဆိုခြင်းခံရပြီးနောက် တောင်ကိုရီးယားနည်းပြရာထူးမှ ဟောင်မြန်ဘို နုတ်ထွက်လာ
====================

ဟောင်မြန်ဘိုဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် တောင်ကိုရီးယားနည်းပြရာထူးမှ နုတ်ထွက်လာပါတယ်။
အသက် ၅၇ နှစ်ရှိ ဟောင်မြန်ဘိုဦးဆောင်တဲ့ တောင်ကိုရီးယားဟာ ကြာသပတေးနေ့တုန်းက တောင်အာဖရိကကို ရှုံးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားအုပ်စုအဆင့်မှပင် ထွက်ခွာခဲ့ရပါတယ်။
တောင်ကိုရီးယားမီဒီယာများရဲ့ဖော်ပြမှုအရ ဟောင်မြန်ဘိုဟာ အသင်းရဲ့ ခြေစွမ်းပိုင်းနှင့်ပတ်သက်ပြီး အပြင်းအထန် ဝေဖန်မှုများ ကြုံရပြီးနောက် ရာထူးမှ နုတ်ထွက်လာပြီဖြစ်ကြောင်း သိရပါတယ်။
တောင်အာဖရိကအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ပွဲစဉ်အပြီးတွင် ပရိသတ်များဟာ အသင်းခေါင်းဆောင်ဆန်ဟောင်မင်းအား အရန်ခုံတွင် ထိုင်ခိုင်းထားမှုအပေါ် အကြီးအကျယ် ပေါက်ကွဲကာ ဟောင်မြန်ဘိုအား ရာထူးမှ ထုတ်ပယ်ရေး ထောက်ခံလက်မှတ်ထိုး တောင်းဆိုမှု ပြုလုပ်ခဲ့ကြပါတယ်။
တောင်ကိုရီးယားသမ္မတအီဂျေမြောင်ကိုယ်တိုင်က ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရမှုအတွက် အသင်းကို အပြင်းအထန် ဝေဖန်မှု ပြုလုပ်ခဲ့ပါတယ်။

image