(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို့ လုပ်ဆောင်ရန်တည်ငြိမ်အေး ချမ်းရေးမှာအလွန်အရေးကြီးသဖြင့် အစိုးရသစ်တာဝန်ယူချိန်၌ တိုင်းပြည်ငြိမ်းချမ်းအောင်လုပ်မည်၊ ဖွံ့ဖြိုးတိုး တက်အောင်လုပ်မည်ဟု ပြောသည်။
" (၅)နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်မယ်။ ရက်ပေါင်း(၁ဝဝ)အ တွင်းမှာငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလုပ်ခဲ့တယ်။ ငြိမ်း ချမ်းရေးနဲ့ပတ်သတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက်လာပြီးဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်ပါက ယနေ့ ငြိမ်း ချမ်းရေးလိုချင်လျင် ယနေ့ ရောက်လာမည်ဖြစ်ကာ ငြိမ်းချမ်းရေးမလိုချင်ရင်ပါက အကြောင်းပြ၍အချိန် ဆွဲနေမည်ဖြစ်ပြီး မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးအ တွက်ဖိတ်ခေါ်ကာ ငြိမ်းချမ်းရေးရမည်ဆိုပါက မည်မျှကုန်ကုန်လုပ်မည်ဟု ပြောသည်။
" တိုင်းပြည်ကိုကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့တယ်။ အတားအဆီးတွေရှိနေတယ်။ အဲဒီအတားအဆီးတွေက ပဋိပက္ခတွေပါ ။ နိုင်ငံရေး ပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတယ်။ ဒါကိုပြတ်အောင် ရှင်းအောင်လုပ်ဖို့လိုတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAO) များအနေဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ပါကလာရောက်၍ မည်သည့် ကြိုတင်သတ်မှတ်ချက်မှမရှိဘဲဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။