ကမ္ဘာ့ဖလားသမိုင်းတွင် အဆိုးရွားပွဲလို့ တင်စားခံလာရတဲ့ ဩစတြေးလျနှင့် ပါရာဂွေး ပွဲစဉ်
=====================

အကြီးအကျယ်ဒေါသထွက်နေကြတဲ့ ဘောလုံးပရိသတ်များက ဩစတြေးလျနှင့် ပါရာဂွေးတို့ရဲ့ သရေကျရေး ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်ကို ကမ္ဘာ့ဖလားသမိုင်းတွင် အဆိုးရွားဆုံးပွဲအဖြစ် သမုတ်လျက်ရှိကြပါတယ်။
ဩစတြေးလျနှင့် ပါရာဂွေးတို့ဟာ ယင်းပွဲတွင် သရေကျပါက အုပ်စု(ဃ) အုပ်စုဗိုလ် အမေရိကန်အောက်တွင် ရမှတ် ၄ မှတ်ဖြင့် အဆုံးသတ်ကာ နှစ်သင်းလုံး ၃၂ သင်းရှုံးထွက်အဆင့်သို့ တက်နိုင်ပါမယ်။
အားလုံး ယူဆထားတဲ့အတိုင်းပဲ ဆန်ဖရန်ဆစ္စကိုပွဲစဉ်တွင် နှစ်သင်းလုံးဟာ ဂိုးမရှိသရေကစားသွားခဲ့ပါတယ်။
ဂိုးမရှိသရေကျမှုနှင့်အတူ ဩစတြေးလျက ဂိုးကွာခြားချက် ဇီးရိုးဖြင့် အုပ်စုဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ပါရာဂွေးက ဂိုးကွာခြားချက် -၂ ဖြင့် တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဒါပေမဲ့ ပါရာဂွေးဟာ အကောင်းဆုံးတတိယအသင်းအဖြစ် ၃၂ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ယင်းသို့ နှစ်သင်းလုံးဟာ သရေကျအောင် တမင် ကစားသွားမှုနှင့်အတူ ပရိသတ်များ အကြီးအကျယ်ဒေါသထွက်နေကြပါတယ်။
ပရိသတ်တစ်ဦးက "ပါရာဂွေးနဲ့ ဥရုဂွေးပွဲက ကမ္ဘာ့ဖလားသမိုင်းမှာ အဆိုးရွားဆုံးပွဲပဲ"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "ပါရာဂွေးနဲ့ ဩစတြေးလျတို့က ထင်ထားတဲ့အတိုင်း ဂိုးမရှိသရေကျခဲ့တယ်။ နှစ်သင်းလုံး ရှုံးထွက်အဆင့်သို့ တက်မယ်။ လူတိုင်းပျော်ကြတယ်"လို့ ဆိုသွားပါတယ်။
နောက်တစ်ဦးကလည်း "ဩစတြေးလျနဲ့ ပါရာဂွေးတို့ သရေကကစားသွားတယ်။ ဒီပွဲကို စုံစမ်းစစ်ဆေးသင့်တယ်။ ကမ္ဘာ့ဖလားကို လှောင်ပြောင်လိုက်တဲ့ပွဲပဲ"လို့ ဆိုသွားပါတယ်။
ဩစတြေးလျက ၃၂ သင်း ရှုံးထွက်အဆင့်တွင်ပွဲစဉ်အဖြစ် ဇူလိုင်လ ၃ ရက်နေ့တွင် အုပ်စု(G) တွင် ဒုတိယရပ်တည်တဲ့အသင်းနှင့် ရင်ဆိုင်ကစားရပါမယ်။ တဖက်တွင် ပါရာဂွေးမှာမူ ၃၂ သင်း ရှုံးထွက်အဆင့်တွင် ဂျာမနီနှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။

image