ထရပ်ဇွန်စပေါ်သို့ အငှားဖြင့် ထပ်မံ ပြောင်းရွှေ့လာမဲ့ ယူနိုက်တက်ရဲ့အိုနာနာ
=======================
ယူနိုက်တက်ဂိုးသမားအင်ဒရေအိုနာနာဟာ တူရကီကလပ် ထရပ်ဇွန်စပေါ်သို့ အငှားဖြင့် ထပ်မံ ပြောင်းရွှေ့ကစားလာပါဦးမယ်။
အပြောင်းအရွှေ့မှာ အပြီးသတ်ခြင်း မရှိသေးပေမဲ့လည်း သတင်းရင်းမြစ်များရဲ့အဆိုအရ အပြောင်းအရွှေ့မှာ ၉၀ ရာခိုင်နှုန်းပြီးပြတ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ ထရပ်ဇွန်စပေါ်ရဲ့ အိုနာနာ အငှားစာချုပ်အတွင်းတွင် အပြီးသတ်ခေါ်ယူမဲ့အချက် ပါဝင်လာမှာ မဟုတ်ပါဘူး။
အိုနာနာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ထရပ်ဇွန်စပေါ်သို့ အငှားဖြင့် သွားကစားစဉ် ၂၉ ပွဲကစားပေးခဲ့ကာ ၂၀၂၀ ခုနှစ်နောက်ပိုင်း ပထမဆုံးဖလားအဖြစ် တူရကီရှုံးထွက်ဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်တုန်းက အင်တာမီလန်မှ ပေါင် ၄၇.၂ သန်းဖြင့် ခေါ်ယူခဲ့တဲ့ အိုနာနာဟာ ယူနိုက်တက်နှင့် ၂ နှစ်စာချုပ်ကျန်နေသေးသူ ဖြစ်ပါတယ်။
အစောပိုင်းတုန်းက သူဟာ ဇူလိုင်လ ၉ ရက်နေ့တွင် ယူနိုက်တက်နှင့်အတူ ရာသီကြိုလေ့ကျင့်ခန်းဆင်းလာဖို့ ရှိနေပေမဲ့လည်း ယခုအခါ ထရပ်ဇွန်စပေါ်သို့ အငှားဖြင့် ထပ်မံ ပြောင်းရွှေ့လာဦးမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ နံပါတ် ၂ ဂိုးသမားအယ်တေးဘာယန်ဒါကို ရောင်းချလာဦးမှာ ဖြစ်သလို လူငယ်ဂိုးသမားရာဒစ်ခ်ဗီတစ်ခ်ကိုလည်း အငှားချလာဦးမှာ ဖြစ်ပါတယ်။
မိုက်ကယ်ကာရစ်ဟာ နံပါတ်တစ်ဂိုးသမားလမ်မန်းမှာ ဘယ်လ်ဂျီယံနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲကစားနေရမှုနှင့်အတူ ဇူလိင်လ ၁၇ ရက်နေ့ ဝရက်စ်ဟမ်းနှင့် ရာသီကြိုခြေစမ်းပွဲတွင် ဝါရင့်ဂိုးသမားတမ်ဟီတွန်ကို အသုံးပြုလာဖို့ ရှိပါတယ်။