ပုဂ္ဂိုလ်ရေးအရာ နှစ်သစ်သဘောကျတဲ့ တစ်ဦးတည်းသော ကစားသမားကို ကမ္ဘာ့ဖလားရဲ့ ဆွဲဆောင်မှုအရှိဆုံးပရိသတ် ဖွင့်ဟလာ
=======================

ကမ္ဘာ့ဖလားရဲ့ ဆွဲဆောင်မှုအရှိဆုံးပရိသတ် အိုင်ဗာနာခရိုးလ်က အပြင်တွင် တွေ့ဆုံဖူးပြီး တကယ်တမ်း နှစ်သစ်သဘောကျရတဲ့ ကမ္ဘာ့ဖလားစတားကို ဖွင့်ဟ ပြောကြားလာပါတယ်။
အသက် ၃၃ နှစ်ရှိ ခရိုးလ်ဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် မိခင်နိုင်ငံ ခရိုအေးရှားအသင်းကို အားပေးရေး အွန်လိုင်းတွင် နာမည်ကျော်ကြားလာခဲ့သူလည်း ဖြစ်ပါတယ်။
သူမဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ကွင်းအတွင်းတွင် ဖက်ရှင်အလန်းစားများဖြင့် ဝတ်ဆင်အားပေးလာမှုနှင့်အတူ ဆွဲဆောင်မှုအရှိဆုံးပရိသတ်အဖြစ် နာမည်ကြီးခဲ့သူလည်း ဖြစ်ပါတယ်။
ခရိုအေးရှားသူဟာ နာမည်ကျော်ကြားလာပြီးနောက် ဘောလုံးစတားများဖြစ်ကြတဲ့ ဗီနီရှပ်စ်ဂျူနီယာ၊ အာလင်းဟာလန်း၊ ရာဖေးလ်လီယိုအစရှိတဲ့ စတားများနှင့် ဆုံစည်းခွင့် ရရှိခဲ့ပါတယ်။
သူမက နော်ဝေစတားဟာလန်းကို သဘောအကျဆုံး ဖြစ်ကြောင်း ဆိုသွားပါတယ်။
သူမက "အရိုးသားဆုံး ပြောရရင် ကျွန်မ ဆုံစည်းဖူးတဲ့ သူတွေထဲက သဘောကျတဲ့ တစ်ဦးတည်းသော သူက ဟာလန်းပါ။ သူငယ်ချင်းအဖြစ် ကစားသမားအချို့နဲ့ ရင်းနီးကျွမ်းဝင်တယ်။ ဗီနီရှပ်စ်ကို သိတယ်။ ဟာလန်းနဲ့ ဆုံခဲ့တယ်။ ရာဖေးလ်လီယိုကိုလည်း သိတယ်။ သူတို့အားလုံးက သဘောကောင်းတဲ့သူတွေပါ။ ဒီတော့ ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ အထင်အကြီးဆုံးက ဟာလန်းနဲ့ သူ့သူငယ်ချင်းတွေပါ။ သူတို့က အရမ်းသဘောကောင်းတဲ့သူတွေပါ"လို့ ပြောကြားသွားပါတယ်။
သူမဟာ ၂၀၂၂ ကမ္ဘာ့ဖလားအလွန်တွင် DJ သမားအဖြစ် အသက်မွေးလာသူလည်း ဖြစ်ပါတယ်။

image